MFF မှ ဘောလုံးဖွံ့ဖြိုးရေးအတွက် နွေရာသီ လူငယ်ဘောလုံးသင်တန်းများ ဖွင့်လှစ်မည်

0
281

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF မှ ဘောလုံးဖွံ့ဖြိုးရေးအတွက် နွေရာသီ လူငယ်ဘောလုံးသင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတဝန်းရှိ ကျောင်းသားလူငယ်များအတွက် အခြေခံဘောလုံးပညာများကို သင်ကြားပေးမည့် ၂၀၂၃ နွေရာသီ လူငယ်ဘောလုံးသင်တန်း အမှတ်စဉ် (၁)နှင့် (၂)ကို ရန်ကုန်နှင့် မန္တလေးရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဘောလုံးအကယ်ဒမီများနှင့် ဗဟန်းကွင်းတွင် ဖွင့်လှစ်ပို့ချပေးသွားမည်ဟုသိရသည်။

အဆိုပါ နွေရာသီ လူငယ်ဘောလုံးသင်တန်း အမှတ်စဉ် (၁)အား ၂၀၂၃ခုနှစ် မတ်လ (၁) ရက်မှ ဧပြီလ (၁၀)ရက် အထိလည်းကောင်း၊ အမှတ်စဉ် (၂)အား ၂၀၂၃ ခုနှစ် ဧပြီလ (၁၉)ရက် မှ မေလ (၂၉) ရက်အထိလည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရှိ အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာများကး ကြီးကြပ်သင်ကြားပေးသွားမည်ဟုဆိုသည်။

အဆိုပါ အခြေခံ ဘောလုံးသင်တန်းသို့ အသက် ၉ နှစ်မှ ၁၅နှစ် အတွင်း (ကျား/မ) မည်သူမဆို တက်ရောက်သင်ယူနိုင်မည်ဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ဖွင့်လှစ်မည့် သင်တန်းတွင် နံနက် ၇ နာရီ ၃၀ မိနစ်မှ ၉ နာရီ ၃၀ မိနစ်အထိ အခြေခံဘောလုံးပညာများ သင်ကြားရမည်ဖြစ်သည်။

သင်တန်းသား တစ်ဦးလျှင် သင်တန်းကြေး ကျပ် (၅၀၀၀၀) သတ်မှတ်ထားပြီး ဝတ်စုံတစ်စုံစီနှင့် MFF အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဟု သိရသည်။

အမှတ်စဉ် (၁) သင်တန်း တက်ရောက်လိုသူများ အနေဖြင့် https://www.mediafire.com/file/j2vvo57k0501n71/Summer_Football_classs.docx/file မှ သင်တန်းတက်ခွင့် လျှောက်လွှာများကို ကူးယူဖြည့်စွက်၍ သင်တန်းဖွင့်လှစ်မည့် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)နှင့် မြန်မာ့ဘောလုံးအကယ်ဒမီ (မန္တလေး)သို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်ဆက်သွယ် လျှောက်ထားရမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here