AKC သို့အချိုးကျထည့်ဝင်ကြေးအား အာဆီယံနှင့်ကိုရီးယားနှစ်ဘက်ကြား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အကျိုးရှိစွာအသုံးချသွားမည်

0
179

အာဆီယံ-ကိုရီးယားဗဟိုဌာနကောင်စီ ဒါရိုက်တာအဖွဲ့ဝင်များ၏ (၁၅)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆိုးလ်မြို့အခြေစိုက် အာဆီယံ-ကိုရီးယားဗဟိုဌာန(ASEAN–Korea Centre– AKC)ကောင်စီဒါရိုက်တာအဖွဲ့များ၏ (၁၅)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအား ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တို့ကကျင်းပရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်ကိုရီးယားနိုင်ငံတို့မှ ကောင်စီ ဒါ ရိုက်တာများ၊ AKC အတွင်းရေးမှူးချုပ် H.E. Mr. Kim Hae-yong တို့တက်ရောက်ခဲ့ကြသည်။ 

ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒဖြစ်သည့် Strategy for a Free, Peaceful and Prosperous Indo-Pacific Region မူဝါဒနှင့်ရှေ့လုပ်ငန်းစဉ်ဖြစ်သည့် Korea–ASEAN Solidarity Initiative တို့ သည် အာဆီယံမှ အင်ဒို-ပစိဖိတ်ဒေသနှင့်ပတ် သက်၍ ချမှတ်ထားသည့် ASEAN Outlook on Indo–Pacific ရည်မှန်းချက်တို့နှင့်အပြန်အလှန်ဆက်နွယ်မှုရှိသည်ဟု ပြောသည်။

ထို့ကြောင့် ဒေသတွင်းကုန်သွယ်ရေး၊ရင်းနှီးမြှုပ် နှံမှု၊ခရီးသွားလုပ်ငန်းနှင့်ပြည်သူများကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်သွားနိုင်မည်ကို ယုံကြည်သည်ဟုလည်းပြောကြားခဲ့သည်။

ထို့ပြင် AKC သို့ထည့်ဝင်ရန်ရှိသည့် အာဆီယံနိုင်ငံများ၏ အချိုးကျထည့်ဝင်ကြေးသည် အာဆီယံနှင့်ကိုရီးယား နှစ်ဘက်ကြား ရေရှည်ဖွံ့ဖြိုး တိုး တက်ရေးလုပ်ငန်းစဉ်များတွင် အကျိုးရှိစွာအသုံး ချသွားနိုင်မည်ကို ယုံကြည်သည်ဟုလည်းပြောကြားခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်အတွက် AKC ၏ ကောင်စီဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှား နိုင်ငံ၊ကုန်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် Mr. DidiSumedi ၊ ဒု-ဥက္ကဋ္ဌအဖြစ် ၂၀၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် လာအိုနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Chatoulong Bouasisavath ၊ မှတ်တမ်းတင်သူအဖြစ် ကမ္ဘော ဒီးယားနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် Yeap Samnang တို့အားရွေးချယ်တင်မြှောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here