ပုလောမြို့နယ်တွင် အဖမ်းခံထားရသည့် ပြည်သူ ၁၃ ဦးအား ကယ်တင်နိုင်ခဲ့

0
323

တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ကဒဲကျေးရွာရှိ နေအိမ်တစ်လုံးအတွင်း၌ လက်နက်ကိုင်အဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံထားရသည့် ပြည်သူ ၁၃ ဦးအား လုံခြုံရေးအဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၁၆ ရက်နေ့လည်ပိုင်းက ကယ်တင်နိုင်ခဲ့​ကြောင်း နစက ကသတင်းထုတ်ပြန်ခဲ့သည်။

လက်နက်ကိုင်အဖွဲ့ဝင်များသည် တနင်္သာရီတိုင်းအတွင်းရှိ မြို့ရွာအချို့မှ နိုင်ငံ့ဝန်ထမ်းများ၊ကျေး ရွာသူ၊ကျေးရွာသားများအား ပုလောမြို့နယ်၊ကဒဲကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးအတွင်း၌ ချုပ်နှောင်ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံပြည်သူများအား ညှဥ်းပန်းနှိပ်စက်မှုများပြုလုပ်နေကြောင်း သတင်းအရ ရှာဖွေကယ်တင်နိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ​ဆောင်ရွက်ခဲ့ကြသည်။

ထို့ကြောင့် လက်နက်ကိုင်အဖွဲ့ဝင်များ၏ ချုပ်နှောင်ဖမ်းဆီးခြင်းခံထားရသည့် အမျိုးသား ၁၁ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အား ကဒဲကျေးရွာရှိ နေအိမ်တစ်လုံးအတွင်းမှ ပြန်လည်ကယ်တင်နိုင်ခဲ့ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များ၏ မေးမြန်းချက်များအရ ဖမ်းဆီးခံရသူများသည် နိုင်ငံ့ဝန်ထမ်းများနှင့်ဒေ သခံများဖြစ်ကာ ထားဝယ်-မြိတ်ကားလမ်းတစ် လျှောက်ပုံမှန်သွားလာစဉ်နှင့်တောင်ယာလုပ်ငန်းများလုပ်ကိုင်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရချိန်တွင်လည်း လက်နက်ကိုင်အဖွဲ့ဝင်များက ရိုက်နှက်မှုများ ၎င်းတို့ပိုင်ဆိုင်သည့် ဖုန်း၊ငွေနှင့်ပစ္စည်းများအား သိမ်းဆည်းခံရခြင်းများရှိခဲ့ပြီး ကဒဲကျေးရွာရှိ နေအိမ်အတွင်း၌ဖမ်းဆီး ချုပ်နှောင်ထားချိန်၌ နေအိမ်အပြင်မှသော့ခတ်၍ လက်နက်ကိုင်အဖွဲ့ဝင် ၁၀ ဦးခန့်ကစောင့်ကြည့်ခြင်းများရှိသည်ဟုဆိုသည်။

ထို့ပြင် ၎င်းတို့အားချုပ်နှောင်ဖမ်းဆီးထားစဥ် ယခင် ဖမ်းဆီးခံရသူ ၃ ဦးခန့်အား လက်ပြန်ကြိုးတုတ်၍ ခေါ်ဆောင်သွားကာ ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်းလည်း သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here