တီမောအား အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်သတ်မှတ်ရန် အာဆီယံဥက္ကဌအင်ဒိုကပြင်ဆင်နေပြီဟုဆို

0
198

ယခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဌအင်ဒိုနီးရှားအနေဖြင့် တီမောလက်စ်အား အာဆီယံအဖွဲ့ဝင်အဖြစ်သတ်မှတ်လက်ခံရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။အဆိုပါကြေငြာချက်အား အင်ဒိုသမ္မတဂျိုကိုဝီနှင့်တီမောဝန်ကြီးချုပ်တို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတွေ့ဆုံစဉ် သမ္မတဂျိုကိုဝီကပြောကြားခဲ့ခြင်းဖြစ်သည်။

တီမောသည် မူအားဖြင့် အာဆီယံအဖွဲ့ဝင်ဖြစ်၍ ရပြီဖြစ်သော်လည်း အဖွဲ့ဝင်အဖြစ်လုံးလုံးလျားလျားလက်ခံနိုင်ရန် အင်ဒိုက စီစဥ်နေပြီဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မာဆူဒီကလည်း တီမော၏အဖွဲ့ဝင်နိုင်ငံဖြစ်လာမှုသည် ဒေသတွင်းတည်ငြိမ်မှုနှင့်ကောင်းကျိုးချမ်းသာကိုပေးနိုင်လိမ့်မည်ဟုယုံကြည်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

တီမောသည်ပြီးခဲ့သည့်ဖေဖော်ဝါရီ ၃ ရက်ကကျင်းပခဲ့သည့် ၃၂ ကြိမ်မြောက်အာဆီယံညှိနှိုင်းရေးကောင်စီအစည်းအဝေးသို့လည်း လေ့လာသူအဆင့်ဖြင့်တက်ရောက်ခဲ့ဖူးပြီးဖြစ်သည်။

တီမောဝန်ကြီးချုပ်၏ အင်ဒိုနီးရှားသို့လာရောက်သည့်ယခုခရီးစဉ်သည် သုံးကြိမ်မြောက်ဖြစ်ကာ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များကလည်း တီမောသမ္မတအဖြစ်အင်ဒိုသို့လာရောက်ခဲ့ဖူးသေးသည်။အဆိုပါခရီးစဉ်အတွင်း စီးပွားရေး၊ပညာရေးနှင့်စက်မှုလုပ်ငန်းကဏ္ဍများအတွက်လည်း နှစ်နိုင်ငံသဘောတူညီချက်များရေးထိုးခဲ့ကြသေးသည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here