ပြည်ပသို့ သတ္ထုနှင့် သတ္ထုတွင်းထွက် ပစ္စည်းတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာ သန်း ၃၀၀ ဝန်းကျင် လျှော့နည်းရရှိ

0
169

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁၀)လတာ ကာလအတွင်း သတ္ထုတွင်းထွက်ပစ္စည်းများ ပြည်ပတင်ပို့မှု အနေဖြင့်ကန်ဒေါ်လာသန်းပေါင်း ၂၈၀ ကျော်ဖိုးသာ တင်ပို့နိုင်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာသန်း ၃၀၀ ဝန်းကျင်လျှော့နည်းရရှိခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ (၁၀) လတာအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တဆင့်ပြည်ပသို့တင်ပို့သည့် သတ္ထုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ ရရှိသည့် ပို့ကုန်ရငွေမှာ အမေရိကန်ဒေါ်လာ ၂၈၈.၇၉၁ ဒေါ်လာဖြစ်ကြောင်း သိရသည်။

အဆိုပါ တင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၆၇.၀၇၁ သန်း နှင့် နယ်စပ်မှတဆင့်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၁.၇၁၀ သန်းတန်ဖိုးရှိ သတ္ထုတွင်းထွက်ပစ္စည်းများ တင်ပို့ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူအတွင်း ပြည်ပတင်ပို့မှုအနေဖြင့် ပယ်လယ်ရေကြောင်းမှတဆင့် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၅၀.၈၄၁ သန်း နှင့် နယ်စပ်မှ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၄.၇၅၈ သန်း စုစုပေါင်း ၅၆၅.၅ ၆၉ သန်းဖို့ တင်ပို့နိုင်ခဲ့သည့်အတွက် ယခုနှစ် တင်ပို့နိုင်မှုသည် အမေရိကန်ဒေါ်လာ ၂၇၆.၇၇၈ သန်းလျှော့နည်းနေကြောင်း သိရသည်။

အဆိုပါ ပြည်ပတင်ပို့မှုများတွင် သတ္တ္ထုနှင့် သတ္ထုရိုင်းများ တင်ပို့မှုရငွေမှာ အမေရိကန်ဒေါ်လာ ၇၀.၈၁၃သန်း၊ ကျောက်စိမ်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၀.၆၉၇ သန်း၊ကျောက်မျက်ရတနာ တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၁၂.၉၁၃ သန်း နှင့် အခြားတွင်းထွက် ပစ္စည်းများတင်ပို့မှု အမေရိကန်ဒေါ်လာ ၁၈၄.၉၆၈ သန်း တင်ပို့နိုင်ခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here