မူဆယ်မြို့နယ်ရှိ နမ့်ပေါ်တံတားထိပ်တွင် တွဲကားတိမ်းမှောက်၍ ကားမောင်းသူသေဆုံး

0
201

ရှမ်းပြည်နယ်၊မူဆယ်မြို့နယ်ရှိ နမ့်ပေါ်တံတားထိပ်တွင် ဖေဖော်ဝါရီ ၁၇ ရက်ညပိုင်းက တွဲကားတစ်စီးတိမ်းမှောက်ခဲ့သည်ဟု မူဆယ်မြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ည ၇ နာရီခန့်က မူဆယ်မြို့မှပြန်ဆင်းလာသည့် တွဲကားသည် နမ့်ပေါ်တံတားထိပ်၏ အဆင်းလမ်း၌ တိမ်းမှောက်သွားခဲ့ရာ တွဲကားမောင်းသူမှာ ကားခေါင်းခန်းအတွင်းညပ်နေသဖြင့် မူဆယ်မြို့မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့သော်လည်း ကားခေါင်းခန်းအတွင်းညပ်နေသည့် တွဲကားမောင်းသူမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားသဖြင့် သေဆုံးလျက်သာပြန်လည်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့ပေမယ့် ကားမောင်းတဲ့လူကသေဆုံးသွားပါတယ် ကားသမားက အသက်(၃၅)နှစ်ကျော်လောက်ရှိပြီ စပယ်ယာလည်း ဒဏ်ရာရသွားတယ်”ဟု မူဆယ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ၏ ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူတို့အား လူမှုကူညီရေးအသင်းကားဖြင့် မူဆယ်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here