ရန်ကုန်တိုင်းရှိ မြို့နယ် ၁၂ ခု၌ မနက်ဖြန်တွင် လျှပ်စစ်မီးယာယီပြတ်တောက်မည်

0
399

ရန်ကုန်တိုင်းရှိ မြို့နယ် ၁၂ ခု၌ ဖေဖော်ဝါရီ ၁၉ ရက်(မနက်ဖြန်)တွင် လျှပ်စစ်မီးယာယီပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ကအသိပေးခဲ့သည်။

230kV လှော်ကားပင်မဓာတ်အားခွဲရုံတွင် တည် ဆောက်ပြီးစီးသွားသည့် တိုးချဲ့(230/33/11) kV, (150) MVA Bank-1 Tr; နှင့် Bank-2 Tr; တို့အား ဓာတ်အားပို့လွှတ်အသုံးပြုရန် 33kV Main (1,2) တို့၏ Bus Crossing ကြိုးများနှင့် Bus (A နှင့် B) Dropper Connection တပ်ဆင်သွားမည်ဖြစ်ကြောင်း YESC ကအသိပေးခဲ့သည်။

ထိုသို့ တပ်ဆင်ခြင်းလုပ်ငန်းအား ဖေဖော်ဝါရီ ၁၉ ရက်(မနက်ဖြန်)နံနက် ၉ နာရီမှညနေ ၄ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အင်းစိန်၊မရမ်းကုန်း၊ရွှေပြည်သာ၊မြောက်ဥက္ကလာပ၊ထောက်ကြန့်၊မှော်ဘီ၊လှည်းကူး၊ဖောင်ကြီး၊အင်းတိုင်၊ဒါးပိန်၊မင်္ဂလာဒုံနှင့်ရွှေလင်ပန်းမြို့နယ်များ၏ နေရာအချို့တွင် လျှပ်စစ် မီးယာယီဓာတ်အားပြတ်တောက်မည်ဟု YESC ကအသိပေးခဲ့သည်။

ထိုသို့ ပြတ်တောက်မည်ဖြစ်သော်လည်း အရေး ကြီးနေရာများ၌ ဓာတ်အားပြတ်တောက်မှုမရှိစေရန် အလေးထားဆောင်ရွက်သွားမည်ဟု YESC ကအသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here