မုဒုံမြို့တွင် ရေဆင်းကူးသည့် သားအဖ ၂ ဦးရေနစ်သေဆုံး

0
1102

မွန်ပြည်နယ်၊ မုဒုံမြို့တွင် ရေဆင်းကူးသည့် သားအဖ ၂ ဦးရေနစ်သေဆုံးသွားကြောင်း မုဒုံမြို့နယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (MERT) ထံမှ သိရသည်။

မုဒုံမြို့၊ ဆံတော်ရှင်ကန်ကြီးစေတီတော် ကန်ကြီးကန်အတွင်း ယမန်နေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရေနစ်သေဆုံးသွားခြင်းဖြစ်သည်။

” ရေနစ်နေတယ်လို့ ဖုန်းဆက်အကြောင်းကြားလာလို့ အချိန်နဲ့တပြေးညီထွက်ခွာခဲ့ပါတယ်၊ ရေကန်အတွင်းဆင်းပြီး ရေငုပ်ရှာကြတော့ တွေ့လို ကယ်ဆယ် သယ်ယူခဲ့ပြီး ရှေးဦးပြုစုနည်းများဖြင့် ပြုစုပေးခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ အသက်မကယ်လိုက်နိုင်ပါဘူး ” ဟု ကယ်ဆယ်ရေးလုပ်ငန်းတွင်ပါ၀င်ခဲ့သူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ရေနစ်သေဆုံးသူများမှာ မုဒုံမြို့ ကုက္ကိုတန်းရပ်နေ အသက် ၁၀ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူတို့ဖြစ်သည်ဟု သိရပြီး မေတ္တာမွန်အရေးပေါ်လူမှုကူညီရေးအသင်း(M-Rescue)နှင့် မြန်မာ့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအသင်း(Y-Rescue)တို့မှ မုဒုံပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရသည်။

ဓာတ်ပုံ – မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ (MERT)


LEAVE A REPLY

Please enter your comment!
Please enter your name here