လျှပ်စစ်ကား ၂၅ စီးပထမအသုတ်ရောက်ရှိ

0
243

မော်တော်ယာဥ်တင်သွင်းဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီအချို့ကို လျှပ်စစ်ကားတင်သွင်းခွင့်ပြုထားပြီး ယင်းမှ BYD Atto3 နှင့် Dolphin အမည်ဖြင့် တင်သွင်းသည့် လျှပ်စစ်ကားအစီးရေ ပထမအသုတ်အဖြစ် ၂၅ စီးရောက်ပြီဖြစ်ကြောင်း သိရသည်။

“အခုက ၂၅ စီးပေါ့။ Station တစ်ခုကတော့ရန်ကုန်ဘူတာကြီးအရှေ့မှာဆောက်နေတာပေါ့။ Electric ကားအတွက်ဒါပထမအသုတ်ရောက်တယ်။ နောက်သုံးပတ်လောက်နေရင်ဒုတိယအသုတ်ရောက်မယ်။ သူကတော့ဆက်တိုက်သွင်းသွားမယ်။ Public Station တွေအတွက်လည်း ဝိုင်းဝန်းပါဝင်ဆောင်ရွက်သွားမှာပေါ့။ ရောင်းတယ့်နေရာမှာလည်းကားရောင်းတာတင်မဟုတ်ဘူး သူနဲ့ဆက်စပ်တယ့်ကားစပယ်ယာဘက်တွေအစရောင်းပေးသွားမှာပေါ့”မော်တော်ယာဥ်ထုတ်လုပ်ဖြန့်ဖြူးသူများအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

ပြည်တွင်းကို တင်သွင်းလာသည့် လျှပ်စစ်ကားတွေ၏ ဈေးနှုန်းမှာ သိန်းတစ်ထောင်နီးပါးရှိနေပြီး  BYDBYD Brand EV ကားတွေအထဲမှ ရောင်းအားအကောင်းဆုံး Model တစ်ခု ဖြစ်သည့် Atto-3 Atto-3 ရောင်းစျေးမှာ ကျပ် ( ၉၉၉) သိန်း​​ဖြစ်​ပြီး အရစ်ကျလည်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း၌ လျှပ်စစ်ကားပြေးဆွဲခြင်းနှင့်ပတ်သက်ပြီး ပြည်သူများအကြား ဝေဖန်မှုရှိနေခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း တရုတ်နိုင်ငံထုတ် E2 အမျိုးအစား လျှပ်စစ်ကားအစီး (၄၀) ကို ပထမဆုံးအကြိမ်အဖြစ် တင်သွင်းခဲ့ပြီး အဆိုပါ ယာဉ်တွေကို အငှားယာဉ်တွေအဖြစ် စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here