ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးများ မြူးနစ်လုံခြုံရေးညီလာခံပြင်ပ၌တွေ့ဆုံ

0
108

တိုကျို၊ဖေဖော်ဝါရီ ၁၉

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာယိုရှီမာဆာဟာယရှိသည် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာပါ့ခ်ဂျင်နှင့် မြူးနစ်လုံခြုံရေးညီလာခံပြင်ပ၌တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ကောင်းမွန်သောဆက်ဆံရေးပြန်လည်ရရှိရန် စဉ်ဆက်မပြတ် ထိတွေ့ ဆက်ဆံရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။

မြူးနစ်လုံခြုံရေးညီလာခံပြင်ပတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများသည် သံတမန်ဆက်ဆံရေးအဆင့်တိုင်းအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ရင်းနှီးသောဆက်ဆံရေးဖြင့် လက်ရှိဖြစ်ပေါ်နေသည့်စိုးရိမ်စရာကိစ္စများအား အတူဖြေရှင်းရန်သဘောတူခဲ့ကြသည်ဟုလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်၌ပါရှိသည်။

ယင်းနောက်၎င်းတို့နှစ်ဦးသည် ကိုလိုနီခေတ်ကအလုပ်သမားအချို့အား လျော်ကြေးမပေးမှုဖြင့်စွပ်စွဲခံထားရသည့် ဂျပန်ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများအားသိမ်းယူရန် တောင်ကိုရီးယားတရားရုံးကအမိန့်ချမှတ်ခဲ့ခြင်းအပေါ်လည်း ပွင့်လင်းပြတ်သားစွာဆွေးနွေးခဲ့ကြသည်ဟု ဝန်ကြီးဌာနကထုတ်ပြန်ထားသည်။နှစ်နိုင်ငံကြားဆက်ဆံရေးသည် အဆိုပါကိစ္စကြောင့်ပိုမိုဆိုးသွားစေခဲ့သည်။

လျော်ကြေးငွေကိစ္စအား သံတမံဆက်ဆံရေးပုံမှန်ဖြစ်စေမည့် ၁၉၆၅ ခုနှစ်စာချုပ်အရ ဖြေရှင်းကာ တောင်ကိုရီးယား၏စီးပွားရေးကို အထောက်အကူပြုစေမည့် နည်းလမ်းများဖြင့် ကြိုးပမ်းသွားမည်ဟုလည်းပြောကြားခဲ့သည်။

ဂျပန်သည်စစ်ပွဲကာလအတွင်း ကိုရီးယားလုပ်သားများအား အတင်းအဓမ္မခိုင်းစေမှုနှင့်ပတ်သက်၍ နှစ်နိုင်ငံကြားအငြင်းပွားမှုများကြောင့် ၂၀၁၉ ခုနှစ်တွင် တောင်ကိုရီးယားသို့နည်းပညာမြင့်ကုန်ပစ္စည်းတင်ပို့မှုကို လျှော့ချခဲ့သည့်ကိစ္စအား ယခုအချိန်၌ ပြန်လည်ဖြေလျှော့ရန်ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ယခုကဲ့သို့ဆွေးနွေးပွဲများဆက်တိုက်ကျင်းပနေခြင်းဖြစ်နိုင်သည်ဟု သတင်းများ၌ဖော်ပြခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here