ရေတာရှည်မြို့နယ်တွင်  ပေ ၉၀ ခန့်နက်သည့်ချောက်အတွင်းFord ကားနောက်ပြန်လိမ့်ကျ

0
302

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်၊သာဂရမြို့ရှိ သာဂရကိုးပင်ရိုးမဖြတ်လမ်းတွင် ဖေဖော်ဝါရီ ၁၈ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေအဖွဲ့(ဆွာမြို့)မှ သိရသည်။

ယမန်နေ့ညနေ ၄ နာရီခွဲခန့်က Ford ကားတစ်စီးသည် သာဂရမြို့ရှိ သာဂရကိုးပင်ရိုးမဖြတ် လမ်း၏ ၁၅ မိုင်မှလှေကထောင်ကျေးရွာသွားလမ်းအတက်၏ ဘယ်ဘက်ခြမ်းရှိ ပေ ၉၀ ခန့်နက်သည့်ချောက်အတွင်းသို့ နောက်ပြန်ထိုးကျသွားခဲ့သည်။

ထိုသို့ ထိုးကျပြီးနောက် ပေ ၅၀ ခန့်တွင် သစ်ပင်နှင့်တိုက်မိ၍ ရပ်တန့်သွားခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဆွာမြို့)မှ သိရသည်။

“ဖုန်းသတင်းရတဲ့အချိန် ၄ နာရီခွဲကျော်လောက်မှာ ရှေ့ပြေးအဖွဲ့တွေနဲ့သွားပြီး ကူညီကယ်ဆယ်ခဲ့တယ် နောက်ထပ်အဖွဲ့ဝင်တွေထပ်ရောက်လာပြီး အဖွဲ့ပေါင်းစုံနဲ့ကယ်ဆယ်ရေးလုပ်ခဲ့ရတယ်။ ကားထဲမှာညပ်ပြီးသေဆုံးနေတဲ့လူကို ည ၉ နာရီကျော်လောက်မှ သယ်ထုတ်နိုင်ခဲ့တယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဆွာမြို့)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ကားအတွင်း၌ညပ်၍ သေဆုံးသွားသူ၏ရုပ်အလောင်းအား ဆွာမြို့တိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here