ICBM စမ်းသပ်မှုသည် နျူကလီးယား တန်ပြန်တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်ဟု မြောက်ကိုရီးယားအတည်ပြု

0
207

စနေနေ့ကပစ်လွှတ်ခဲ့သော တိုက်ချင်းပစ်ဒုံးပျံ(ICBM)စမ်းသပ်မှုသည် နိုင်ငံ၏ ‘ပြင်းထန်သောနျူကလီးယား တန်ပြန်တိုက်ခိုက်ရေး’ စွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်သည်ဟု မြောက်ကိုရီးယားက ယနေ့ တနင်္ဂနွေနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲ စစ်ရေးလေ့ကျင့်မှုအား သတိပေးခြင်းအဖြစ် တိုက်ချင်းပစ်ဒုံးပျံ (ICBM) တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစမ်းသပ်ပစ်လွှတ်မှုသည် “ပြင်းထန်သောနျူကလီးယား တန်ပြန်တိုက်ခိုက်ခြင်း” စွမ်းရည်ကို အောင်မြင်စွာ ပြသနိုင်ခဲ့ကြောင်း ကိုလည်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု သတိပေးပြီးနောက် Hwasong-15 အမျိုးအစား တိုက်ချင်းပစ်ဒုံးပျံတစ်စင်း ဂျပန်အနောက်ဘက်ကမ်းလွန်ပင်လယ်ထဲသို့ ပစ်လွှတ်လိုက်ပြီးနောက် တစ်ရက်အကြာတွင် မြောက်ကိုရီးယား၏ ကြေညာချက်သည် ယခုကဲ့သို့ ပေါ်လာခြင်းဖြစ်သည်။

“အံ့အားသင့်ဖွယ် ICBM ပစ်လွှတ်ရေး လေ့ကျင့်မှုသည် … မြောက်ကိုရီးယားနိုင်ငံ၏ မဟာဗျူဟာမြောက်နျူကလီးယားတပ်ဖွဲ့၏ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုကို သက်သေပြလိုက်ခြင်းဖြစ်သည်” ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA တွင် ရေးသားဖော်ပြခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here