ဖားအောက်တောရဆရာတော်ကြီး၏မွေးရပ်မြေ လိပ်ချောင်းကျေးရွာတွင် နှစ်ကျိပ်ရှစ်ဆူကောင်းမူတော်ဝိသုံဂါမ သိမ်စေတီတော်ကြီးအား ထီးတော်တင်လှူပူဇော်

0
175

ဧရာဝတီတိုင်း၊ဟင်္သာတမြို့နယ်ရှိ ဖားအောက်တောရဆရာတော်ကြီး၏ မွေးရပ်မြေ လိပ်ချောင်းကျေးရွာတွင် နှစ်ကျိပ်ရှစ်ဆူကောင်းမူတော်ဝိသုံဂါမ သိမ်စေတီတော်ကြီးအား ဖေဖော်ဝါရီ ၁၉ ရက်နံနက် ၉ နာရီခွဲက ထီးတော်တင်လှူပူဇော်ခဲ့သည်။ဆရာ​တော်ကြီးက ​မွေးရပ်​မြေအား ​ကျေးဇူးပြန်ပြုလိုသည့်စိတ်အားထက်သန်လှသူဖြစ်သည်။

နှစ်ကျိပ်ရှစ်ဆူ ကောင်းမူတော်ဝိသုံဂါမ သိမ်စေတီတော်ကြီးအား ထီးတော်တင်လှူပူဇော်ခြင်းအား ဖားအောက်တောရဆရာတော်ဘုရားကြီး အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာ ကမ္မဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တအာစိဏ္ဏက ဦးဆောင်၍ ဧရာဝတီတိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများ၊ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ ဌာနဆိုင်ရာများ၊ အလှူရှင်များက တင်လှူပူဇော်ခဲ့ခြင်းဖြစ်သည်။

တင်လှူပူဇော်မည့် ငှက်မြတ်နားတော်၊စိန်ဖူးတော်များအား အန္တရာယ်ကင်းပရိတ်ရေ၊ ပရိတ် ပန်းများပက်ဖျန်း၍ စေတီတော်ကြီးအား လက်ယာရစ် ၃ ပတ်လှည့်လည်၍ ထီးတော်တင်လှူပူ ဇော်ခဲ့ကြသည်။

ထီးတော်တင်လှူပူဇော်ပြီးနောက်ဆရာ​တော်ကြီး၏ တပည့်ရင်းများထဲမှအဂ္ဂမဟာကမ္မဋ္ဌာနာစရိယတစ်ပါးဖြစ်သူ၊ဆရာ​တော်ကြီးနှင့်လည်း ဇာတိရွာချင်းနီးကြသည့် ဗောဓိရိပ်ငြိမ် ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယ (ဗု​ဒ္ဓေါရသ)ထံမှ သင်္ခေပအနုမောဒနာဒေသနာတော်အား ဧည့်ပရိသတ်များကနာ ယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here