လူစောင့်မရှိဘဲ ထမင်းအိုးတည်ထားရာမှ မီးဖိုထန်းလက်အကာကိုမီးကူးစက်လောင်ကျွမ်းခဲ့၍ နေအိမ် ၁၆ လုံးပျက်စီးဆုံးရှုံး

0
241

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ကန်နီပေါက်ကျေးရွာအုပ်စု၊ဂျိုးကန်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ သိရသည်။

ယမန်နေ့နေ့လည် ၁ နာရီ ၄၀ မိနစ်ခန့်က ညောင်ဦးမြို့နယ်၊ကန်နီပေါက်ကျေးရွာအုပ်စု၊ဂျိုးကန်ကျေးရွာတွင် ထန်းရွက်မိုး/ထရံကာ/မြေစိုက်လူနေအိမ်တွင် လူစောင့်မရှိပဲ ထမင်းအိုးတည်ထားရာမှ အနီးရှိ မီးဖိုထန်းလက်အကာအား စတင်ကူးစက်လောင်ကျွမ်းခဲ့သည်။

မီးလောင်မှုအား ညောင်ဦးခရိုင်/မြို့နယ်မီးသတ်စခန်းတို့အပါအဝင် မီးသတ်စခန်းအသီးသီးမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းလွဲ ၂ နာရီခွဲတွင်မီးထိန်းနိုင်ခဲ့ပြီး နေ့လည် ၃ နာရီ၌မီးငြိမ်းသွားခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ သိရသည်။

ဖြစ်စဥ်တွင် စတင်လောင်ကျွမ်းခဲ့သည့်နေအိမ်နှင့် အနီးပတ်ဝန်းကျင်ရှိ ထန်းရွက်မိုး/ဝါးထရံကာ/မြေစိုက်နေအိမ် ၂ လုံး၊ သွပ်မိုး/ဝါးထံကာ/မြေစိုက်နေအိမ် ၁ လုံး၊ သွပ်မိုး/ဝါးထရံကာ/ ၂ ထပ်နေအိမ် ၁၁ လုံး၊ သွပ်မိုး/ဝါးထရံကာ/ ၂ ထပ်နေ အိမ် ၁ လုံး(စုစုပေါင်းနေအိမ် ၁၆ လုံး)မီး လောင်ကျွမ်း၍ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

“လူသေဆုံးတာတော့မရှိပါဘူး ပျက်စီးတာတွေပဲများသွားတာ အဲဒီအိမ်တွေက အကုန်လုံးနီးပါးကိုပျက်စီးသွားတာ”ဟု ညောင်ဦးမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်ကျွမ်းကာ နေအိမ်များပျက်စီးခဲ့၍ ယင်းနေအိမ်များတွင်နေထိုင်သူ အမျိုးသား/အမျိုးသမီး ၆၃ ဦးတို့အား ကျေးရွာရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ ယာယီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

Photo-ညောင်ဦးမြို့နယ်မီးသတ်


LEAVE A REPLY

Please enter your comment!
Please enter your name here