ဇာတ်လမ်းတွဲ ရိုက်ကူးစဉ် အတွေ့အကြုံတွေကို Hong Jong Hyun ဝေမျှ

0
114

 hong-jong-hyun-2-copy

နိုဝင်ဘာလ ၇ ရက်နေ့က အင်တာဗျူးတစ်ခုမှာ ဟွန်းဂျွန်ယောင်း (Hong Jong Hyun)  က Scarlet Heart : Ryeo  ဇာတ်လမ်းတွဲမှာ သူရဲ့ ဝတ်စားဆင်ယင်မှု အပိုင်းနဲ့ ဝိတ်ချထားတဲ့အကြောင်းကိုပါ ပြောပြသွားပါတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးတော့မယ်ဆိုတော့ ဒါရိုက်တာက သူ့ကို မျက်လုံးမိတ်ကပ်ပိုင်းကို အကြံပေးခဲ့ပြီး Prince Yo ကာရိုက်တာကို ထူးခြားအောင် မိတ်ကပ်ပိုင်းကိုရော ဝတ်စားဆင်ယင်မှုကို ဂရုစိုက်ခဲ့ပါတယ်။ “လက်ဝတ်လက်စား ဒီဇိုင်းပိုင်းကိုတော့ ဒီဇိုင်နာနဲ့   သေချာဆွေးနွေးခဲ့ပြီး အရောင်ကိုတော့ ရွှေရောင်ကိုရွေးချယ်ခဲ့တာပါ။ ဇာတ်လမ်းတွဲ ရိုက်ကူးရတာက တော်တော်ခက်ခဲတဲ့ အတွေ့အကြုံပါ။ အပြင်အဆင်က စစချင်းကဆို တော်တော်လေး အဆင်မပြေခဲ့ပေမယ့် နောက်ပိုင်းမှာ အသားကျခဲ့ပြီး အဲ့ဒါတွေ မဝတ်ထားရင် မနေတတ်တော့သလိုပါပဲ။ ဘုရင်နေထိုင်မကောင်း တဲ့ အခန်းရိုက်ကူးရတော့မယ့်အချိန်က ကျွန်တော် ဝိတ်ချဖို့ လိုတယ်လို့ ကျွန်တော် တွေးခဲ့ပါတယ်။ ဇာတ်လမ်းတွဲရိုက်ကူးနေစဉ်မှာတော့ အားကစားကို မှန်မှန် မလုပ်နိုင်တာကြောင့် ကျွန်တော့် ဝိတ်တော်တော်ကျခဲ့ပါတယ်။ 7 kg တောင် ဝိတ်ကျသွားပြီး ကျွန်တော့်ရဲ့ ကြွက်သားတွေလည်း တော်တော် ပျောက် သွားခဲ့ပါ တယ်” လို့ ပြောခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here