တိုက်ပွဲများကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး မထိခိုက်ဟုဆို

0
404

ကရင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး နယ်မြေမငြိမ်းချမ်းသော်လည်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခု ဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ်ကို မထိခိုက်ကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးမှ သိရသည်။

“မထိခိုက်ပါဘူး။ နိုင်ငံတော်ကလည်း ဘာပဲဖြစ်ဖြစ် လုံခြုံရေးပိုင်းကိုဂရုစိုက်နေပါတယ်။ ကားသမားတွေက ကုန်စည်ပို့ဆောင်ရေးပဲလုပ်တော့ ဒါပဲလုပ်တတ်တာလေ။ ဒီကုန်သွယ်မှုကလည်း လိုအပ်တဲ့အချိန်မှာ တိုက်ပွဲဖြစ်နေလည်း ရအောင်ထွက်ရတာပေါ့။ ကိုယ်သုံးရတာပေါ့။ ကံဆိုးကံမပေါ့လေ။ ကိုယ့်ကားကျမှဖြစ်သွားတော့လည်း မတတ်နိုင်ဘူး။ အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကတော့ တိုးတက်လာပါတယ်။ သိသိသာသာတိုးတက်လာပါတယ်”ဟု မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးမှ ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောသည်။

ပြည်ပက တင်သွင်းရမယ့် ကုန်စည်တွေကို ပို့ကုန်ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်မှုများအပေါ် အခြေခံပြီး တင်သွင်းခွင့်ပြုတဲ့ အစီအစဉ်ကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းတွင် သွင်းကုန်လိုင်စင်လျှောက်ထားမှုသည် သိသိသာသာ ကျဆင်းသွားသော်လည်း ချစ်ကြည်ရေးတံတားကနေ ဝင်ရောက်နေသည့် သွင်းကုန် ကုန်တင်ယာဉ် အရေအတွက်မှာ သိသိသာသာ ကျဆင်းမသွားသည်ကို စိစစ်တွေ့ရှိရပြီး ယင်းသည် လိုင်စင်လျှောက်ထားရန် လိုအပ်သည့် ကုန်စည်များမှာ တရားမဝင်နည်းလမ်းများနှင့် ဆက်လက်ဝင်ရောက်နေခြင်းဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here