မြောက်ကိုရီးယား၏တိုက်ချင်းပစ်ဒုံးစမ်းသပ်မှုအပြီး၌ အမေရိက က အာရှမဟာမိတ်များဖြင့် ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုပြုလုပ်

0
135

ဆိုးလ်၊ဖေဖော်ဝါရီ ၁၉

မြောက်ကိုရီးယားက ဟွာဆောင် – 15 တိုက်ချင်းပစ်ဒုံးကို ရုတ်တရက်ပစ်လွှတ်လိုက်ပြီးနောက်တစ်ရက်တွင် အမေရိကသည် အာရှမဟာမိတ်များဖြစ်သည့် ဂျပန်နှင့်တောင်ကိုရီးယားတို့ဖြင့် မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များပါဝင်သည့် ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အမေရိကနှင့်၎င်း၏မဟာမိတ်များဖြစ်သည့် ဂျပန်နှင့်တောင်ကိုရီးယားတို့ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖြစ်လာသည့်အခြေအနေတိုင်းကို ပူးပေါင်းတုံ့ပြန်ရန်အဆင်သင့်ဖြစ်နေမှုတို့အား အခိုင်အမာပြသလိုခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့်အမေရိကတို့၏ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယား က တိုက်ချင်းပစ်ဒုံးကိုထပ်မံပစ်လွှတ်ပြီးနောက် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ညီမ ကင်မ်ယိုဂျုံကမူ ၎င်းတို့နိုင်ငံအနေဖြင့် ရန်သူ့လှုပ်ရှားမှုမှန်သမျှကိုစောင့်ကြည့်နေကြောင်းနှင့် ရန်ပြုနိုင်သည့်ပုံပေါ်လာပါက မဆိုင်းမတွပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည်ဖြစ်ကြောင်းလည်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုနှင့် နျူလက်နက်အစီအစဉ်များအား ကုလလုံခြုံရေးကောင်စီက တားမြစ်ထားသော်လည်း မြောက်ကိုရီးယားကမူ ၎င်း၏လုပ်ဆောင်ချက်အားလုံးသည် ရန်လိုသည့်မူဝါဒရှိသောအမေရိကနှင့်၎င်း၏မဟာမိတ်များအားတုံ့ပြန်ရန်သာဖြစ်သည်ဟုပြောကြားခဲ့သည်။

Source : Reuters’


LEAVE A REPLY

Please enter your comment!
Please enter your name here