ယူကရိန်းစစ်အတွင်း ရုရှားသို့ထောက်ပံ့နေမှုနှင့်ပတ်သက်၍ တရုတ်အားအမေရိကသတိပေး

0
151

မြူးနစ်၊ဖေဖော်ဝါရီ ၂၀

ပေကျင်းက မော်စကို အား လက်နက်များထောက်ပံ့လာနိုင်သည့်အပေါ်စိုးရိမ်မကင်းဖြစ်မိကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့ပြီး တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မီတီ နိုင်ငံခြားရေးမူဝါဒရေးရာအကြီးအကဲ ဝမ်ယိအား မြူးနစ်လုံခြုံရေးညီလာခံ၌တွေ့ဆုံစဉ် သတိပေးစကားဆိုခဲ့ကြောင်းသိရသည်။

ဝါရှင်တန်နှင့်တရုတ်အကြားဆက်ဆံရေးသည် တရုတ်ထောက်လှမ်းရေးမီးပုံးကိစ္စနှင့်ပတ်သက်၍ ပိုမိုတင်းမာလာခဲ့ပြီး အနောက်အုပ်စုအနေဖြင့် ယူကရိန်းစစ်အပေါ် တရုတ်၏တုံ့ပြန်ပုံအား အနီးကပ်စောင့်ကြည့်နေချိန်တွင် ယခုဖြစ်ရပ်ဖြစ်လာခဲ့ခြင်းလည်းဖြစ်သည်။

အန်င်ဘီစီသတင်းဌာနနှင့်အင်တာဗျူးတစ်ခု၌ ကန်နိုင်ငံခြားရေးဝန်ကြီးက တရုပ်ငည် အကယ်၍ ယူကရိန်းစစ်အတွက် ထောက့်ပံ့မည် ဆိုလျှင် ဖြစ်လာနိုင်သော အကျိုးဆက်များကို မစ္စတာဝမ်ယိအားသတိပေးခဲ့ကြောင်းပြောကြားခဲ့သည်။

တရုတ်က လည်းအမေရိကအနေဖြင့် အခြေအနေတွေအပေါ်အခွင့်ကောင်းယူကာ ပိုမိုဆိုးရွားအောင်လုပ်မည်ဆိုပါက တရုတ်အနေဖြင့်လုပ်စရာရှိတာလုပ်မည်ဖြစ်ကြောင်းနှင့် အဆိုပါကိစ္စများ၏ဆိုးကျိုးအတွက် အမေရိကဘက်မှပေးဆပ်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယခုတစ်ကြိမ်အမေရိကနှင့်တရုတ်တို့၏တွေ့ဆုံမှုသည် ကောင်းသောပြောင်းလဲခြင်းမျိုးမဖြစ်လာနိုင်သေးကြောင်း ပညာရှင်များကပြောကြားခဲ့ပြီး လက်ရှိအနေအထားအရ နှစ်ဖက်စလုံးသည် တစ်ဖက်နှင့်တစ်ဖက်ယုံကြည်မှုကင်းမဲ့နေပုံမျိုးဖြစ်နေသည်ဟုလည်းဝေဖန်သုံးသပ်ပြခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here