စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကျဆင်းလာသော်လည်း ပြင်ပဈေးကွက်တွင် ဆက်လက်မြင့်တက်နေဆဲဖြစ်

0
196

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကျဆင်းလာသော်လည်း ပြင်ပဈေးကွက်တွင် ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၄၇၀ ကျပ်ဖြစ်ပြီး ယခင်တစ်ပါတ်ထက် ၂၀ ကျပ်ကျဆင်းလာဖြစ်သည်။ အဆိုပါ ရည်ညွှန်းဈေးနှုန်းသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ဖြစ်သည်။

အသင်း၏ရည်ညွှန်းဈေးနှုန်းထက် ပြင်ပဈေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာ ၆၀၀၀ နှင့် ၇၅၀၀ ဝန်းကျင်အထိ မြင့်တက်လာကြောင်း ရောင်းချသူများထံမှ သိရသည်။ ယင်းအပြင် စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် သယ်ယူပို့ဆောင်စရိတ်လည်းမြင့်တက်လာသည့်အတွက် အခြေခံစားသောက်ကုန်စည်ဈေးနှုန်းအချို့မှာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here