ရုရှား-ယူကရိန်း အရေးအခင်း နှစ်ပတ်လည်နေ့မရောက်မီ ယူကရိန်းသို့ ဘိုင်ဒင် သွားရောက်

0
141

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အရေးအခင်း တစ်နှစ်ပြည့်မြောက်မည့် နှစ်ပတ်လည်နေ့မရောက်မီ ယူကရိန်းအား ထောက်ခံအားပေးနေကြောင်းကိုပြသသည့်အနေဖြင့် ကိယက်ဗ်မြို့တော်သို့ ဖေဖော်ဝါရီလ ၂၀ ရက် တနင်္လာနေ့ နံနက်အစောပိုင်းတွင် ရုတ်တရတ် လှည့်လည်သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်သည် ဘိုင်ဒင်အတွက် အရေးအခင်း စတင်ပြီးနောက် ယူကရိန်းသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်း ဖြစ်လာသည်။

မကြာသေးမီက အိမ်ဖြူတော်တာဝန်ရှိသူများအား သတင်းထောက်များက ဘိုင်ဒင်သည် ပိုလန်ခရီးစဉ်အတွင်း အိမ်နီးချင်းဖြစ်သည့် ယူကရိန်းနိုင်ငံသို့ သွားရောက်နိုင်ခြင်း ရှိမရှိ မေးမြန်းခဲ့ရာ သွားရောက်မည်မဟုတ်ဟူ၍ ဖြေကြားခဲ့သည်။

သို့ရာတွင် ဘိုင်ဒင်ကမူ အရေးအခင်းဖြစ်ပွားခြင်း တစ်နှစ်ပြည့်တော့မည် ဖြစ်သည့်အတွက် အမေရိကန်နှင့် ယူကရိန်းကြား စည်းလုံးညီညွတ်မှုကို လူသိရှင်ကြား ပြသလိုကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် ဘ်ိုင်ဒင်တို့အား စိန့် မိုက်ကယ် ဒွန်းမ် ဘုန်းတော်ကြီးကျောင်းအပြင်ဘက်၌ အတူတကွ တွေ့ခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

“ခင်ဗျားရဲ့ ခရီးစဉ်ဟာ ယူကရိန်းနိုင်ငံသားအားလုံးအတွက်တော့ အားပေးထောက်ခံနေတယ်ဆိုတာကို ပြသနေတဲ့ အရမ်းအရေးကြီးတဲ့ လက္ခဏာပါပဲ” ဟု ဇလန်းစကီးက ဘ်ုင်ဒင်အား ပြောခဲ့သည်ဟု သိရသည်။

Source:Rolling Stone


LEAVE A REPLY

Please enter your comment!
Please enter your name here