တုကီယေး – ဆီးရီးယားနယ်စပ်၌ အင်အား ၆ ဒသမ ၃ အဆင့်ရှိငလျင်ထပ်မံလှုပ်ခတ်ပြန်၊ အန်တာကရာ၌ပျက်စီးမှုများထပ်ဖြစ်

0
94

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမှ အင်အား ၇ ဒသမ ၈ အဆင့်ရှိငလျင်လှုပ်ခတ်မှုကြောင့် လူလေးသောင်းကျော်သေဆုံးခဲ့သည့် တုကီယေး – ဆီးရီးယားနယ်စပ်၌ ယနေ့မနက်အစောပိုင်းက အင်အား ၆ ဒသမ ၃ အဆင့်ရှိငလျင်တစ်ခုထပ်မံလှုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါငလျင်ကြောင့် အန်တာရာမြို့၌ပျက်စီးမှုများထပ်မံဖြစ်ပေါ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြထားသည်။အခြားအစီရင်ခံချက်တစ်ခု၌ အဆိုပါငလျင်လှုပ်ခတ်မှုအား အီဂျစ်နှင့်လက်ဘနွန်ကပါခံစားရကြောင်းလည်းသိရပြီး ပျက်စီးဆုံးရှုံးမှုမရှိခဲ့ဟုဆိုသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့ကလှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် တုကီယေးနှင့်ဆီးရီးယားနှစ်နိုင်ငံပေါင်း သေဆုံးသူ ၄၆,၀၀၀ ရှိခဲ့ပြီး လူပေါင်းသန်းချီးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ငလျင်လှုပ်ပြီးချိန်မှစ၍ ကယ်ဆယ်ရေးလုပ်ငန်းများအား အင်တိုက်အားတိုက်လုပ်ဆောင်နေခဲ့ပြီး ယခုအခါရပ်နားလိုက်ပြီဖြစ်ကြောင်းသိရသည်။

အမေရိကန်ပြည်ထောင်စုမှလည်း ငလျင်ဒဏ်သင့် တုကီယေးနှင့်ဆီးရီးယားအတွက် ကန်ဒေါ်လာ သန်း ၁၀၀ အား လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ်ပေးအပ်သွားမည်ဟုပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ကယ်ဆယ်ရေးဆောင်ရွက်ရာ၌ရော ပြန်လည်ထူထောင်ရေးအတွက်ပါ အလှူငွေများအသီးသီးပေးအပ်ခဲ့ကြသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here