စက်လှေဖြင့်ဝင်ရောက်လာပြီး ပစ်ကပ်ကားပေါ်တက်နေသည့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၈ ဦး ရနောင်းခရိုင်တွင်ဖမ်းဆီးခံရ

0
152

ထိုင်းနိုင်ငံ၊ရနောင်းခရိုင်၊ကရဘူရီမြို့နယ်တွင် စက်လှေဖြင့်ဝင်ရောက်လာပြီးနောက် မြန်မာနိုင်ငံသားတစ်ဦးလာကြိုသည့် ပစ်ကပ်ကားပေါ်တက်နေသည့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၈ ဦး ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့နံနက် ၄ နာရီခန့်က ကရဘူရီမြို့နယ်၊မမုကျေးရွာတွင် ကော့သောင်းမြို့ဘက်မှစက်လှေဖြင့်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၆ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အား ကင်းလှည့်နေသည့် ထိုင်းတပ်မတော်မှ ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။

တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ဦးအပြင် ၎င်းတို့အား ပစ်ကပ်ကားဖြင့်လာကြိုသည့် မြန်မာနိုင်ငံသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ဖူးကစ်မြို့၌ အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာပြီး ပွဲစားခအဖြစ် တစ်ဦးလျင် ဘတ် ၁၅၀၀၀ ပေးချေခဲ့ရကာ မော်လမြိုင်မြို့မှလာရောက်သူများဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ရနောင်းခရိုင်၊ပါက်ကျန်ရဲစခန်းသို့‌ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here