ရန်သူ၏ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဖျက်ဆီးနိုင်သည့် ဒုံးကျည်နည်းပညာကို တရုတ် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့

0
198

တရုတ်နိုင်ငံသည် အာကာသတစ္ဆေဒုံးကျည်ဟု အမည့်ပေးထားသည့် ရန်သူ၏ ဒုံးကျည်ကာကွယ်ရေးစနစ်များကို ဖျက်ဆီးနိုင်သော လက်နက်နည်းပညာတစ်ခုကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီဖြစ်သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရှိ တပ်ဖွဲ့ ၆၃၈၉၁ မှ ဝါရင့်အင်ဂျင်နီယာ ကျောင်းယန်လီ ဦးဆောင်သော စစ်အင်ဂျင်နီယာအဖွဲ့သည် အဆိုပါနည်းပညာကို ကွန်ပြူတာဖြင့် ပုံဖော်စမ်းသပ်ခဲ့ရာ အောင်မြင်မှုများရခဲ့ကြောင်း ယခုလအစောပိုင်းက ကြေညာခဲ့သည်။

အဆိုပါ နည်းပညာ၏ အလုပ်လုပ်ပုံမှာ ရန်သူ၏ ဒုံးကျည်ကာကွယ်ရေးစနစ်ဆီသို့ အာကာသယာဉ်များမှ ပစ်မှတ်အတုများ ထုတ်လွှတ်ကာ နှောက်ယှက်ဖျက်စီးသွားမည် ဖြစ်သည်။

ပထမဆုံးအနေဖြင့် ရန်သူ့ရေဒါကွန်ရက် အချက်ပြမှုများကို ဖမ်းယူ၍ မမှန်ကန်သော အချက်ပြမှုများအား ပြန်လည်ထုတ်လွှတ်ပေးသည့် အာကာသယာဉ်သုံးစင်းကို ပဲ့ထိန်းဒုံးကျည်ထဲတွင် ထည့်သွင်းလိုက်ပြီး ဒုံးကျည်ကာကွယ်ရေးစနစ်ရှိရာသို့ စေလွှတ်လိုက်မည်ဖြစ်သည်။

ထိုအာကာသယာဉ်သုံးစင်း၏ မမှန်ကန်သော အချက်ပြထုတ်လွှတ်မှုများကြောင့် ရန်သူ၏ ကာကွယ်ရေးစနစ်များသည် ထင်ယောင်ထင်မှားဖြစ်၍ ပစ်ကွင်းထဲ ဒုံးကျည်အစစ်မရောက်ရှိမီ ၎င်း၏ ကြားဖြတ်ဒုံးကျည်များကို စော၍ ပစ်လွှတ်လိုက်မည်ဖြစ်သည်။

ထိုသို့ ပုံဖော်စမ်းသပ်မှုတွင် အောင်မြင်မှုများ ရရှိခဲ့သည့်အတွက် လက်တွေ့တိုက်ပွဲတွင် အသုံးချနိုင်ရန် စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု တရုတ်စစ်အင်ဂျင်နီယာအဖွဲ့က ပြောသည်။

အဆိုပါနည်းပညာသည် နျူကလီးယားပါ ထည့်သွင်း၍ အသုံးပြုနိုင်သောကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာပါက နျူလက်နက်ဖြင့် တုံ့ပြန်မှုများကို အရင်ကထက် ပိုမိုမြန်ဆန်လာစေနိုင်သည်။

Source:Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here