ပျဥ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ထိုးမုန့်ဗူးများအတွင်းမှ ၅၀၀၀ ကျပ်တန် ငွေစက္ကူအတု သိန်း (၅၀) ဖမ်းဆီးရမိ

0
171

မကွေးတိုင်း၊ ငဖဲမြို့နယ် ပျဥ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် လိုက်ပါလာသူတစ်ဦးထံ မှ ၅ ထောင်ကျပ်တန် ငွေစက္ကူအတုသိန်း (၅၀) အား ဖမ်းဆီးရမိခဲ့မှု ဖေဖော်ဝါရီလ (၂၀) ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည (၉) နာရီကျော်ခန့်က ငဖဲမြို့နယ်၊ ပျဥ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးအဖွဲ့ဝင်များက ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မောင်းနှင်လာသည့် “ရွှေပြည်သစ်” အဝေးပြေးခရီးသည်တင် (Express)ကားအား စစ်ဆေးခဲ့ကြရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်ယာဉ်အား စစ်ဆေးရာတွင် ယာဉ်ပေါ်၌ လိုက်ပါလာသည့် ခရီးသည်တစ်ဦးဖြစ်သော အောင်ကျော်ဆိုသူ ထိုင်သည့် ထိုင်ခုံအပေါ် ပစ္စည်းတင်စင်ပေါ် ၌ ၎င်းသယ်ဆောင်လာသည့် ကြွပ်ကြွပ်အိတ်အတွင်းရှိ ထိုးမုန့်ဗူး (၇) ဗူးအတွင်းမှ (၅) ထောင်ကျပ်တန် ငွေစက္ကူအတုသိန်း (၅၀) အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ငွေစက္ကူအတုများ သယ်ဆောင်လာသည့် အောင်ကျော်ဆိုသူအား သက်ဆိုင်ရာ ရဲစခန်းသို့ပို့ဆောင်ကာ အမှုဖွင့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here