ယူကရိန်းစစ်ပွဲကြောင့် ဂျာမနီစီးပွားရေး ယူရိုဘီလီယံ ၁၀၀ ဆုံးရှုံး

0
161

ယူကရိန်းစစ်ပွဲနှင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဂျာမနီနိုင်ငံစီးပွားရေးသည် ၎င်း၏ GDP ၏ ၂ ဒသမ ၅ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့သည်။ သက်ရောက်မှုမှာ မျှော်လင့်ထားသည်ထက် ပိုမိုပျော့ပျောင်းသော်လည်း နိုင်ငံသည် အသေးစားစီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

ရုရှား-ယူကရိန်းစစ်ပွဲက ဂျာမနီနိုင်ငံ၏ စီးပွားရေးတွင် တိုးတက်မှုနှင့် ကုန်ကျစရိတ်များကို တိုးမြင့်လာစေမည်ဟု မျှော်လင့်ကြောင်း ဂျာမန်စီးပွားရေး သုတေသနဌာန(German Institute for Economic Research – DIW) ၏ ဥက္ကဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

DIW ဥက္ကဋ္ဌ Marcel Fratzscher က စစ်ပွဲနှင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်ခြင်းတို့၏အကျိုးသက်ရောက်မှုသည် ဂျာမန်စီးပွားရေးကို ယူရို ၁၀၀ ဘီလီယံ (ကန်ဒေါ်လာ ၁၀၇ ဘီလီယံ) ခန့် သို့မဟုတ် ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ၏ ၂ ဒသမ ၅ ရာခိုင်နှုန်းခန့် ဆုံးရှုံးစေခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျာမန်အစိုးရ၏ ပါဝင်စွက်ဖက်မှုများနှင့် ဥရောပဆောင်းရာသီသည် စစ်ပွဲ၏ ထိုးနှက်ချက်နှင့် ၎င်း၏အကျိုးဆက်များကို ဖုံးကွယ်ထားသော်လည်း ဥရောပ၏အကြီးဆုံးစီးပွားရေးသည် စီးပွားရေးကျဆင်းမှုဆီသို့ ဦးတည်သွားဖွယ်ရှိကြောင်း သူကဆိုသည်။

“ရုရှားစွမ်းအင်ကို ပိုမိုမှီခိုနေရသောကြောင့်၊ ဂျာမန်စီးပွားရေးသည် အကျပ်အတည်း၏ဒဏ်ကို ပိုခံရပြီး၊ စွမ်းအင်သုံးစက်မှုလုပ်ငန်း၏ အချိုးအစားမြင့်မားကာ ပို့ကုန်နှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များအပေါ် အလွန်အမင်း မှီခိုနေရသည်” ဟု Fratzscher က ဂျာမနီနိုင်ငံအခြေစိုက် Rheinische Post သတင်းစာသို့ ပြောကြားခဲ့သည်။

ကုမ္ပဏီများသည် စွမ်းအင်လျှော့သုံး၍ အရှိန်မြှင့်ရန် ကြိုးပမ်းမှုများမလုပ်ပါက ဂျာမနီ၏ စီးပွားရေးရပ်တည်မှုကို ထိခိုက်လာတော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြင့်မားသောစွမ်းအင်ဈေးနှုန်းများသည် လာမည့်ဆယ်စုနှစ်များအတွင်း ဂျာမနီအတွက်ပြိုင်ဆိုင်မှုဆိုင်ရာ အားနည်းချက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း Fratzscher က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here