YBS ယာဉ်များကို CNG သီးသန့်ဖြည့်တင်းနိုင်ရန်တင်ပြထားမှု MOGE ဘက်မှအဆင်မပြေဟု အကြောင်းပြန်

0
191

မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ CNG သီးသန့်ဖြည့်တင်းနိုင်ရန်အတွက် MOGE ကိုတင်ပြထားပြီး ယခုအခါ MOGE ဘက်မှအဆင်မပြေကြောင်း အကြောင်းပြန်ခဲ့တယ်လို့ YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

YRTC အနေဖြင့် လျှပ်စစ်မီးပြတ်တောက်မှုနှင့် ဂတ်စ်ဖြည့်စဉ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းကြောင့် ယခုလို တင်ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့က တင်ပြထားတာပေါ့။ CNG ဆိုင်ပေါင်းက ၄၂ ဆိုင်ရှိတယ်။ အဲ့ဒီထဲမှာမှ ၃၂ ဆိုင်မှာ YBS ယာဉ်တွေကဖြည့်တယ်။ YBS သီးသန့်ဖြည့်တာက ဆိုင် ၂၀ လောက်ပဲရှိတယ်။ ဒါကြောင့် ကျွန်တော်တိုက ၃၂ ဆိုင်လုံးမှာသီးသန့်ဖြည့်နိုင်ဖိုအတွက် တင်ပြထားတာဖြစ်ပါတယ်။ ဒါပေမယ့် MOGE ဘက်ကအဆင်မပြေဘူးလို့ ပြောတယ်။ ဒီလိုပဲ တခြားကားတွေနဲ့ ရောဖြည့်ရမှာပေါ့”ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေသည့် YBS ယာဉ်တွေ၏ ၂၀ ရာခိုင်နှုန်းသည် CNG ဖြည့်ချိန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း၊ ယင်းသို့ အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရသည့်အတွက် ယာဉ်အစီးရေမှာ ပြည့်၀စွာမထွက်ရှိနိုင်ဘဲ ခရီးသည်များအနေဖြင့် ယာဉ်ရှားပါးသည့်ပြဿနာကို ကြုံတွေ့နေရခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း CNG အသုံးပြုပြေးဆွဲနေသည့် YBS ယာဉ်အစီးရေ ၅ ထောင်ကျော်ရှိပြီး ယာဉ်လိုင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၀၀၀ ကျော်ဖြင့် ပြေးဆွဲနေပြီး ခရီးသည် ၁၃ သန်းကျော်ကိုဝန်ဆောင်မှုပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here