အမေရိကန်စစ်တပ်သည် ထိုင်းလက်ဝှေ့ကျော် ဗွေခေါင်ထံမှ ထိုင်းရိုးရာ မွေထိုင်းလက်ဝှေ့ သင်ယူသွားမည်

0
215

အမေရိကန်စစ်တပ်သည် မကြာမီပြုလုပ်တော့မည့် ကိုဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုတွင် ၎င်း၏ စစ်သားများအား မွေထိုင်းလက်ဝှေ့ လေ့ကျင့်ပေးရန်အတွက် မွေထိုင်းလက်ဝှေ့ ချန်ပီယံဟောင်း ဗွေခေါင် ဘန်ချမက်ကို ဖိတ်ကြားထားကြောင်း သိရသည်။

နိုင်ငံစုံ အင်ဒို-ပစိဖိတ် စစ်ရေးလေ့ကျင့်မှုဖြစ်သည့် ကိုဘရာဂိုးလ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ပြုလုပ်သွားရန် စီစဉ်ထားသည်။

အသက် ၄၀ နှစ် အရွယ် ထိုင်းလက်ဝှေ့သမား ဗွေခေါင်ကို ထိပ်တန်းစစ်လက်နက်ပစ္စည်းများ တပ်ဆင်ထားသော အမေရိကန်စစ်တပ်ပင်လျှင် သူ၏မွေထိုင်းကိုယ်ခံပညာ၏ အသုံးဝင်မှု နှင့် ပတ်သက် ၍လက်ခံလာပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက် တနင်္ဂနွေနေ့တွင် ဖေ့စ်ဘွတ်ခ်ပေါ်၌ ရေးသားခဲ့သည်။ ယခုကဲ့သို့ နိုင်ငံတကာက လက်ခံလာသော မွေထိုင်းသည် ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံပညာတစ်ရပ် ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။

အမေရိကန်စစ်သားများအား မွေထိုင်းလေ့ကျင့်ပေးမည့်အပြင် ဗွေခေါင်သည် ကိုဘရာဂိုးလ်၏ မဟာဗျူမြောက် လေကြောင်းချီ စစ်ဆင်ရေး (SAO) သင်တန်းတွင်လည်း ပါဝင်သွားမည်ဖြစ်သည်။

ဗွေခေါင် သည် K-1 World Max ကဲ့သို့သော နိုင်ငံတကာ လက်ဝှေ့ပြိုင်ပွဲများတွင် ချန်ပီယံခါးပတ်အား နှစ်ကြိမ်တိုင်တိုင် ရယူနိုင်ခဲ့သော ထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။

Source: Nationthailand


LEAVE A REPLY

Please enter your comment!
Please enter your name here