The Wandering Earth 2 ရုပ်ရှင်ဇာတ်ကား တစ်လအတွင်း ကန်ဒေါ်လာ သန်း ၆၀၀ နီးပါး ဝင်ငွေရ

0
308

နာမည်ကျော် သရုပ်ဆောင် အင်ဒီလျူး(Andy Lau) အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် The Wandering Earth 2 ရုပ်ရှင်ဇာတ်ကားကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်က စတင်ဖြန့်ချိပြသခဲ့ရာ တစ်လနီးပါးတွင် ကန်ဒေါ်လာ ၅၇၂ သန်းကျော်(ယွမ် ၄ ဘီလျံနီးပါးခန့်) ဝင်ငွေရရှိခဲ့ကြောင်း Box Office ကဆိုသည်။

Hugo Award နှင့် Locus Award စာပေဆုများရရှိထားသည့် ကွန်ပျူတာအင်ဂျင်နီယာ၊ တရုတ်စာရေးဆရာ လျူစီရှင်း(Liu Cixin)ရေးသားသည့် The Wandering Earth ကို အခြေခံရိုက်ကူးထားသော အဆိုပါ ရုပ်ရှင်ဇာတ်ကားကို တရုတ်ဖလင်အုပ်စုကော်ပိုရေးရှင်းက ထုတ်လုပ်ဖြန့်ချိခဲ့ခြင်းဖြစ်သည်။

ဇာတ်လမ်းမှာ နေလုံးကြီး လွန်စွာကြီးမားလာသဖြင့် ကမ္ဘာပျက်စီးမည့်အန္တရာယ်ကို ရှောင်တိမ်းရန်အတွက် အလွန်အင်အားကြီးလှသော အိုင်ယွန်ဒုံးအင်ဂျင်စက်များဖြင့် ကမ္ဘာကို အခြားကြယ်စုဆီသို့ ရွှေ့သွားရန် ကြံစည်ကြခြင်းကို အခြေခံထားသည်။

ဒါရိုက်တာ ဖရန့်ကို(Frant Gwo)က ရိုက်ကူးထားပြီး ပြသချိန် ၃ နာရီနီးပါး(၁၇၃ မိနစ်)ကြာမြင့်သော အဆိုပါရုပ်ရှင်ဇာတ်ကားကို Netflix တွင်လည်း ကြည့်ရှုနိုင်ကြောင်းသိရသည်။

၂၀၁၉ ခုနှစ်ကပြသခဲ့သော The Wandering Earth ဇာတ်ကား၏ ဒုတိယပိုင်းသဘောဖြစ်ပြီး The Wandering Earth ပြသစဉ်ကလည်း အထူးအောင်မြင်ကာ လူကြိုက်များခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here