ရှမ်းယူနိုက်တက် ချန်ပီယံခြေစွမ်းပြခဲ့ပြီး အပြန်အလှန်သွင်းဂိုးများဖြင့် ဒဂုံစတားယူနိုက်တက်နှင့် ဧရာ၀တီယူနိုက်တက် သရေကျ

0
150

၂၀၂၃ မြန်မာနေရှင်လိဂ် အဖွင့်ပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက်နှင့် ISPE၊ ဒဂုံစတားယူနိုက်တက်နှင့် ဧရာ၀တီယူနိုက်တက်တို့ ယနေ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြသည်။

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နှင့် အား/ကာသိပ္ပံ (ISPE) တို့ ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်က YUSC ကွင်း၌ ယှဉ်ပြိုင်ကစားရာတွင် ပထမပိုင်း၌ ဂိုးမရှိ သရေကျခဲ့ပြီး ဒုတိယပိုင်းတွင် လူစား၀င်ကစားသမား လင်းထက်စိုးနှင့် ရဲရင်အောင်တို့၏ သွင်းဂိုးဖြင့် ရှမ်းယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဒဂုံစတားယူနိုက်တက်နှင့် ဧရာ၀တီယူနိုက်တက်တို့ ယနေ့ ညနေ ၄ နာရီအချိန်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲမှာ အကြိတ်အနယ် ရှိခဲ့ပြီး အပြန်အလှန်သွင်းဂိုးများဖြင့် သရေကျခဲ့ကာ ၂ ဂိုး ၂ ဂိုး ရလဒ် ဖြင့် ပွဲပြီးဆုံးသွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here