ပုသိမ်ကြီးမြို့နယ်ရှိ အထည်ဂိုဒေါင်တွင် မီးလောင်မှုဖြစ်ပွား

0
210

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်ရှိ အထည်ဂိုဒေါင်တွင် ဖေဖော်ဝါရီ ၂၁ ရက်(ယနေ့)ညပိုင်းက မီးလောင်မှုဖြစ်ပွား၍ Level 2 အဆင့်ဖြင့် ငြှိမ်းသတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့ည ၇ နာရီ ၃၃ မိနစ်ခန့်က ပုသိမ်ကြီးမြို့နယ်၊နန္ဒာတောင်၊ရွှေကျင်ကွက်သစ်မြောက်ဘက်ရှိ အထည်ဂိုဒေါင်တွင် မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ကြသော်လည်း မီးငြိမ်းသွားခြင်းမရှိသဖြင့် ည ၇ နာရီ ၄၀ မိနစ်တွင် ပုသိမ်ကြီးမြို့နယ်နှင့်နီးစပ်သည့် မီးသတ်စခန်းများက Level 2 အဆင့်ဖြင့် ထပ်မံငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

“မီးများတယ်ဗျ နန္ဒာမြောက်ရွာဘုရားနှစ်ဆူနားက အထည်ဂိုဒေါင်မှာလောင်နေတာပါ အခု မီးသတ်ကားတွေကော လူမှုကူညီရေးအသင်းတွေက ရေသယ်ကားတွေကောအများကြီးပဲ ဝိုင်းငြှိမ်းနေကြပါတယ်”ဟု မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်နေသည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here