ဟင်းသီးဟင်းရွက်များတင်လာသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံရ၍ ကားမောင်းသူသေဆုံးခဲ့မှု သထုံမြို့နယ်တွင်ဖြစ်ပွား

0
98

မွန်ပြည်နယ်၊သထုံမြို့နယ်၊ကမာစိုင်ကျေးရွာ(ရွာသစ်)အနီးတွင် လက်နက်ကိုင်အဖွဲ့ဝင်များက ဟင်းသီးဟင်းရွက်များတင်လာသည့်ကားအား ဖေဖော်ဝါရီ ၂၀ ရက်နံနက်ပိုင်းက မိုင်းဆွဲတိုက် ခိုက်ခဲ့ကြသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယင်းနေ့နံနက် ၇ နာရီခွဲက လက်နက်ကိုင်အဖွဲ့ဝင်များသည် သထုံမြို့နယ်၊ကမာစိုင်ကျေးရွာ(ရွာသစ်)အနီး ရန်ကုန်-မော်လမြိုင်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြားတွင် ဟင်းသီးဟင်းရွက်များတင်ဆောင်ကာ ဦးနိုင်မင်းထွန်း(ခ)ဝက်ကလေး(၃၄)နှစ် မောင်းလာသည့် Toyota Hilux ကားအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

မိုင်းပေါက်ကွဲမှုကြောင့် Toyota Hilux ကား၏ ယာဘက်ခြမ်းနှင့်ရှေ့လေကာမှန်တို့ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး ဦးနိုင်မင်းထွန်း(ခ)ဝက်ကလေးမှာ မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသွားသည့် ဦးနိုင်မင်းထွန်း(ခ) ဝက်ကလေး၏ ရုပ်အလောင်းအား သထုံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကားကမိုင်းပေါက်ကွဲတဲ့အရှိန်နဲ့လမ်းဘေးအထိထိုးကျသွားတယ် မိုင်းရဲ့ပြင်းအားကအတော်များတယ် ကားတစ်စီးလုံးရဲ့နေရာအတော်များများမှာ အပေါက်ရာတွေဖြစ်သွားတယ် ကားမောင်းတဲ့လူရဲ့ ခန္ဓာကိုယ်မှာလည်း မိုင်းစထိထားတဲ့ဒဏ်ရာတွေများတယ်”ဟု သထုံမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေး ယူနိုင်ရေးတို့အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here