ယူကရိန်းအရေး တရုတ် ကလွန်စွာ စိုးရိမ်မကင်းဖြစ်

0
116

ပေကျင်း၊ဖေဖော်ဝါရီ ၂၁

တရုတ်နိုင်ငံခြားရေးဝန်ကြီးက တစ်စထက်တစ်စပိုမိုဆိုးရွားလာပြီး ထိန်းချုပ်ရခက်လာသည့် ရုရှား – ယူကရိန်းအရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံအ‌နေဖြင့် လွန်စွာစိုးရိမ်မိကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယူကရိန်းအရေး၌ ၎င်း၏မဟာမိတ်ရုရှားနှင့်အဆက်ဆံမပျက်အောင်ထိန်းရင်း ကြားနေညှိနှိုင်းမည့်ပုံစံမျိုး ဖြင့် ကြိုးစားနေခြင်းဖြစ်သည်။

ပေကျင်းသည် ရုရှား – ယူကရိန်းစစ်တစ်နှစ်မပြည့်မီ စစ်ပွဲအဆုံးသတ်ရန် နိုင်ငံရေးဆွေးနွေးမှုရရှိအောင် ကြိုးပမ်းပေးမည်ဟုလည်း အခိုင်အမာပြောကြားထားသည်။

တရုတ်ကရုရှားအားလက်နက်ထောက်ပံ့နိုင်သည်ဟု အမေရိကန်ပြောကြားခဲ့သည့်အပေါ်၌လည်း အခြေအမြစ်မရှိပြောကြားခြင်းမျိုးဖြစ်ပြီး အမေရိကန်ကသာယူကရိန်းအားပေါ်ပေါ်ထင်ထင်လက်နက်ထောက်ပံ့နေခြင်းဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

ယင်းနောက်တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကျန်နိုင်ငံများအနေဖြင့် စစ်ပွဲအရှိန်မြင့်သထက်မြင့်အောင် မီးလောင်ရာလေပင့်မလုပ်ဘဲ တရုတ်ကိုအပြစ်ပုံချနေသည်များကိုလည်း ရပ်တန်းကရပ်သင့်ပြီဟုပြောကြားခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မီတီ နိုင်ငံခြားရေးမူဝါဒရေးရာအကြီးအကဲ မစ္စတာဝမ်ယိသည်လည်း ၎င်း၏ဥရောပခရီးစဉ်အဆုံးသတ်၌ မော်စကိုသို့ဝင်ရောက်ကာ ရုရှားသမ္မတနှင့်တွေ့ဆုံနိုင်ကြောင်းပြောကြားထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာဝမ်ဝမ်ဘင်းကလည်း အမေရိကသည်သာ ယူကရိန်းအားလက်နက်တွေအဆက်မပြတ်ထောက်ပံ့နေခြင်းဖြစ်ပြီး စစ်မီးမတောက်တောက်အောင် မီးထိုးပေးနေခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။

Source – AFP


LEAVE A REPLY

Please enter your comment!
Please enter your name here