ဆီဘောက်ဆာကားအောက် ဖခင်နှင့် အတူအိပ်နေသည့် ကလေးငယ်​ပျောက်ဆုံးရာမှ သေဆုံးလျက်ပြန်လည်တွေ့ရှိ

0
1012

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ရှိ ဆီဆိုင်တဆိုင်တွင် ဆီဘောက်ဆာယာဉ်ကို ဆီဖြည့်ပြီး​နောက် ဖခင်ဖြစ်သူနှင့်အတူ ဆီဘောက်ဆာကားအောက် အိပ်နေသည့် ကလေးငယ်တစ်ဦး ​ဖေ​ဖော်ဝါရီ ၁၈ရက်​နေ့က ပျောက်ဆုံးသွားခဲ့သည်။

အဆိုပါကလေးငယ်ကို ၄ရက်အကြာ ယနေ့တွင် ရွှေမုဌောဘုရားအနီး(ယခင်ရေကန်ဟောင်း)တွင်သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ပုညမုဒိတာ(ကျန်းမာရေးစောင့်ရှောက်မှုနှင့်သွေးလှူအသင်းမှ သိရသည်။

အဆိုပါကလေးငယ်သည် ဆီဘောက်ဆာမောင်းသည့် ဖခင်ဖြစ်သူနှင့်အတူ ကားပေါ်ပါလာ​ခြင်းဖြစ်ပြီး ဆီဆိုင်တွင် ဆီဖြည့်ပြီး​ ညအချိန်တွင် အဆိုပါဆီဆိုင်မှာပင် ကားအောက်မှာ အခင်းခင်းပြီး သားအဖနှစ်ဦး အိပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသားအဖနှစ်ဦး အိပ်စက်ခဲ့ပြီး ဖခင်ဖြစ်သူနိုးလာချိန်တွင် ကလေးငယ်ကို မတွေ့ရတော့ကြောင်း ကလေး၏ဖခင်ကပြောကြားခဲ့သည်။

အဆိုပါ သေဆုံးသွားသည့်ကလေးငယ်သည် အသက် ၆ နှစ်လောက်သာရှိသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here