ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် RCEP ၌ ဖိလစ်ပိုင် လက်မှတ်ရေးထိုး

0
199

မနီလာ၊ ဖေဖော်ဝါရိလ ၂၁

ဖိလစ်ပိုင်သည် စံချိန်တင် ငွေကြေးဖောင်းပွမှုနှင့် ရင်ဆိုင်နေရသည့် အခြေအနေ အလုပ်အကိုင်ကောင်းများကို ဆွဲဆောင်နိုင်ရေးနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးသက်သာစွာ ဝယ်ယူနိုင်ရေး မျှော်လင့်ချက်များဖြင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်ကို ဖေဖော်ဝါရီလ ၂၁ ရက် အင်္ဂါနေ့ညတွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ RCEP သဘောတူစာချုပ်ကို အတည်ပြုရန်အတွက် အထက်လွှတ်တော်တွင် အင်္ဂါနေ့က မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၀ မဲ၊ ဆန့်ကျင်မဲ ၁ မဲ နှင့် ကြားနေမဲ ၁ မဲဖြင့် စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

RCEP စာချုပ်သည် အာဆီယံ ၁၀ နိုင်ငံအပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နူးဇီလန်တို့ပါ ပါဝင်လက်မှတ်ရေးထိုးထားသော ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်ဖြစ်သည်။

အဆိုပါသဘောတူညီချက်သည် အဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်မှုပြုသည့်အခါ ကုန်ပစ္စည်းများ၏ အခွန်အကောက်နှုန်းထားကို ၉၂ ရာခိုင်နှုန်းခန့် လျှော့ချထားသည့်အတွက် ကုန်စည်များကို နိုင်ငံတွင်းသို့ ဈေးသက်သာစွာဖြင့် တင်သွင်းဝယ်ယူနိုင်မည် ဖြစ်သည်။

သို့ရာတွင် သမ္မတ မားကို့စ်၏ အစ်မဖြစ်သူ လွှတ်တော်အမတ် အိုင်မီ မားကို့စ်က ထိုသဘောတူစာချုပ်တွင် ပါဝင်သည့်အချက်များသည် ဖိလစ်ပိုင်နိုင်ငံတွင်း အဆင်းရဲဆုံး လူတန်းစားတွင် ပါဝင်သော လယ်သမားများအား ထိခိုက်မည်ကို စိုးရိမ်သဖြင့် ဆန့်ကျင်မဲပေးခဲ့သည်။

Source: Straitstimes


LEAVE A REPLY

Please enter your comment!
Please enter your name here