ဂျပန်နိုင်ငံတွင် eVTOL မောင်းသူမဲ့လေယာဉ် ခရီးသည် ၂ ဦးတင်ဆောင်၍ သရုပ်ပြပျံသန်း

0
192

တရုတ်နိုင်ငံ EHang ကုမ္ပဏီမှထုတ်လုပ်သော ပြေးလမ်းမလိုပဲ ဒေါင်လိုက် အတက်အဆင်းပြုလုပ်နိုင်သည့် EH216 အမျိုးအစား eVTOL လေယာဉ်သည် ခရီးသည်နှစ်ဦးတင်ဆောင်၍ ဂျပန်နိုင်ငံအတွင်း ၎င်း၏ ပထမဆုံး သရုပ်ပြမှုပျံသန်းမှုကို အောင်မြင်စွာ ပြုလုပ်ခဲ့သည်။

EH216 သည် ဂျပန်နိုင်ငံ၊ Oita စီရင်စုရှိ Tanoura ကမ်းခြေတစ်လျှောက်တွင် ခရီးသည်နှစ်ဦးတင်ဆောင်၍ ပျံသန်းခြင်းဖြစ်ပြီး လေယာဉ်ကိုမောင်းနှင်သည့် လေယာဉ်မှူးမပါဝင်ပဲ ပျံသန်းခြင်းဖြစ်သည်။

“ယနေ့ခရီးသည်တင်ဆောင်ပျံသန်းမှုစမ်းသပ်မှုသည် လက်တွေ့ကျသောအသုံးပြုမှုများဆီသို့ နောက်ထပ်ခြေတစ်လှမ်းတက်လှမ်းနိုင်ရန်အတွက် အလိုအလျောက်မောင်းနှင်သည့် လေယာဉ်များထုတ်လုပ်မှုကို အရှိန်မြှင့်နိုင်မည်ဟု မျှော်လင့်ကြောင်း” အဆိုပါပွဲကို တက်ရောက်သည့် Oita မြို့တော်ဝန် Sato Kiichiro က ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း EH216 ဟာ ဂျပန်နိုင်ငံမှာ အစမ်းပျံသန်းမှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး၊ ခုအခါမှာတော့ နောက်ထပ် မှတ်တိုင်တစ်ခုစိုက်ထူ အောင်မြင်ခဲ့ပါတယ်”ဟု EHang ကုမ္ပဏီ၏ Chief Operating Officer ဖြစ်သူ Xin Fang က ပြောကြားခဲ့သည်။

EHang သည် ၂၀၁၈ ခုနှစ်ကတည်းက eVTOL လေယာဉ်ဖြင့် လူလိုက်ပါသော ပျံသန်းမှုများ စမ်းသပ်ခြင်းကို ပြုလုပ်ခဲ့ရာ ကမ္ဘာတစ်ဝန်းနိုင်ငံအသီးသီးတွင် အကြိမ်ပေါင်း ၃သောင်းကျော် စမ်းသပ်ပျံသန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Source: Aerospace Testing International


LEAVE A REPLY

Please enter your comment!
Please enter your name here