တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုစဥ် စီးပွားရေးနှင့်စက်မှုလက်မှုလုပ်ငန်းများညပိုင်း လျှပ်စစ်မသုံးရ

0
260

တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလဖြစ်သည့်  မတ် ၁ ရက်မှ ၂၀ ရက်အထိ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ ညပိုင်းစာကြည့်နိုင်ရန် ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရေး၊ဓာတ် အားထုတ်လုပ်မှုတိုးမြှင့်ရေးတို့ကို လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ ညပိုင်းစာကြည့်ချိန်၌ ဓာတ်အားထုတ်လုပ်နိုင်မှုနှင့်သုံးစွဲမှုမမျှတ၍ ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်နိုင်သဖြင့်အများပြည်သူအုပ်စုအတိုင်းဓာတ်အားသုံးစွဲနေသော ရပ်ကွက်/ကျေးရွာအတွင်းရှိ စီးပွားရေးနှင့်စက်မှုလက်မှုလုပ်ငန်းများအား မတ် ၁ ရက်မှ ၂၀ ရက်အထိ ညနေ ၅ နာရီမှည ၁၀ နာရီအထိ လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုကြရန် YESC ကအသိပေးခဲ့သည်။

အသိပေးထားသည့်အတိုင်း လိုက်နာခြင်းမရှိဘဲ လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်နေသည်ကို စစ်ဆေးတွေ့ရှိပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူသွားမည်ဟုလည်း YESC ကအသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here