Drop Bomb များပေါက်ကွဲ၍ ပြည်သူ ၅ ဦးဒဏ်ရာရ

0
185

ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်၊ရွှေဂွန်းကျေးရွာအတွင်း၌ ဖေဖော်ဝါရီ ၂၂ ရက်ညနေပိုင်းက Drop Bomb များပေါက်ကွဲ၍ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့​ကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ညနေ ၅ နာရီခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် လှိုင်းဘွဲ့မြို့နယ်၊ရွှေဂွန်းကျေးရွာအတွင်းသို့ Drone ယာဉ် ၁ စီးဖြင့် Drop Bomb ၂ လုံး၊ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် Drone ယာဉ် ၁ စီးဖြင့် Drop Bomb ၂ လုံးတို့ဖြင့် ပစ်ချဖောက်ခွဲခဲ့ကြသည်။

Drop Bomb ဗုံးများသည် ကျေးရွာအတွင်းရှိ နေအိမ်ခြံဝန်းများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၄ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

“ဒဏ်ရာရတဲ့လူတွေကို ဘားအံဆေးရုံပို့ပေးပြီး ဒဏ်ရာရတဲ့လူတွေ ရှိ/မရှိကို ထပ်ပြီးလိုက်ရှာသေးတယ် ဒဏ်ရာရတဲ့လူတွေမရှိတော့ဘူးဆိုမှ ကူညီတာကိုရပ်လိုက်တယ်”ဟု လှိုင်းဘွဲ့မြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here