ကိုယ့်စံချိန် ကိုယ်ပြန်ချိုး၍ ကမ္ဘာ့ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံဖြစ်လာပြန်တဲ့ တောင်ကိုရီယား

0
144

နဂိုလကတည်းက ကမ္ဘာပေါ်တွင် ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေသော တောင်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်က ကျဆင်းလာသော လူဦးရေကို ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းခဲ့သော်လည်း ကိုယ့်စံချိန် ကိုယ်ပြန်ချိုးကာ ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံ ဖြစ်လာပြန်သည်။

တောင်ကိုရီးယား၏ ကလေးမွေးဖွားနှုန်း သို့မဟုတ် အမျိုးသမီးတစ်ဦးလျှင် ကလေးမွေးဖွားနိုင်ချိန် ရှိရမည့် ပျမ်းမျှကလေးအရေအတွက်သည် ၂၀၂၁ ခုနှစ်တွင် ၀ ဒသမ ၈၁ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၀ ဒသမ ၇၈ အထိ ကျဆင်းသွားခဲ့ကြောင်း အမျိုးသားစာရင်းအင်းအဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတစ်နိုင်ငံသည် ၎င်းရှိလူဦးရေတည်ငြိမ်မှုကို ထိန်းထားလိုပါက ကလေးမွေးဖွားနှုန်း ၂ ဒသမ ၁ လိုအပ်ပေသည်။

တောင်ကိုရီးယားတွင် ၂၀၂၀ ပြည့်နှစ်ကတည်းက မွေးဖွားနှုန်းထက် သေဆုံးနှုန်းက ပိုများလာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် လူဦးရေ ၃ သိန်း ၇ သောင်းကျော် သေဆုံးကာ ၂ သိန်း ၅ သောင်းခန့် မွေးဖွားခဲ့သည်။

တောင်ကိုရီးယားသာမက တရုတ်နှင့် ဂျပန်တို့သည်လည်း ကလေးမွေးဖွားနှုန်း သိသာစွာ ကျဆင်းလာသော အာရှ၏ စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်ပေသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here