မြန်မာအပါအဝင် ၁၉ နိုင်ငံမှ နိုင်ငံသားများကို ရုရှားနိုင်ငံသို့အဝင်​ ၆ လဗီဇာ ခွင့်ပြု

0
230

ရုရှားနိုင်ငံအစိုးရမှ မြန်မာနိုင်ငံအပါအဝင် ၁၉ နိုင်ငံမှ နိုင်ငံသားများအား ရုရှားနိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းနှင့်နိုင်ငံတွင်းမှ ပြန်လည်ထွက်ခွာခြင်းလုပ်ထုံးလုပ်နည်းများဆိုင်ရာ ဖက်ဒရယ်ဥပဒေပုဒ်မ ၂၅ အရ ၆ လသက်တမ်းရှိ ခရီးသွားဗီဇာဖြင့် ရုရှားနိုင်ငံသို့လာရောက်ခွင့်ပြုလိုက်ပြီဖြစ်သည်။

ထိုသို့ ၆ လသက်တမ်းရှိ ခရီးသွားဗီဇာဖြင့် လာရောက်ခွင့်ပြုခြင်းအား ရုရှား၀န်ကြီးချုပ် Mikhail
Mishustin က ဖေဖော်ဝါရီ ၂၀ ရက်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာ၊ ဘာရိန်း၊ ဘရူနိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ မြောက်ကိုရီးယား၊
ကူဝိတ်၊ လာအို၊ မလေးရှား၊ မက္ကဆီကို၊ အိုမန်၊ ဆော်ဒီအာရေဗျ၊ ဆားဘီးယား၊ ထိုင်း၊
တူကီယေးနှင့်ဖိလစ်ပိုင်နိုင်ငံ တို့မှနိုင်ငံသားများအား ၆ လသက်တမ်းရှိ ခရီးသွားဗီဇာဖြင့် ရုရှားနိုင်ငံသို့လာရောက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ယင်းနိုင်ငံသားများသည် ရုရှားနိုင်ငံသို့ လာရောက်လိုပါက ဟိုတယ်များ(သို့)အစိုးရမှ သတ်မှတ်ထားသည့် ဟိုတယ်၊ ski slopes များ၊ကမ်းခြေများစာရင်းတွင် ပါဝင်သည့် accommodation facilities များတွင် နေထိုင်ရန် reservation မဖြစ်မနေပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များအတွက် ဗီဇာထုတ်ပေးရာတွင် ဖြေလျှော့ပေးသည့် ဥပဒေကို ၂၀၂၁ ခုနှစ်၊ဩဂုတ်လက ရုရှားအစိုးရမှ ပြဋ္ဌာန်းခဲ့ရာ ဟိုတယ် reservation ပြုလုပ်ထားပါက ရုရှားနိုင်ငံတွင် ၆ လအထိသက်တမ်းရှိသည့် ဗီဇာကို စတင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလတွင်လည်း ဟိုတယ် reservation ပြုလုပ်ထားပါက ၆ လသက်တမ်းရှိ ခရီးသွားဗီဇာကို လျှောက်ထားနိုင်မည့်စာရင်းတွင် အကျုံးဝင်သည့် နိုင်ငံများစာရင်းကိုအတည်ပြုသတ်မှတ်ခွင့်ပြုခဲ့သည်။

အတည်ပြုနိုင်ငံစာရင်းတွင် မပါဝင်သည့် နိုင်ငံများမှနိုင်ငံသားများမှာ ဟိုတယ် reservation ပြုလုပ်မှုအပေါ်အခြေခံ၍ ၆ လသက်တမ်းရှိ သာမန်ခရီးသွားဗီဇာရရှိနိုင်မည့် အခွင့်အရေးကိုရရှိမည်မဟုတ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here