ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ရရှိထား

0
105

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ၁၀ လကျော်ကာလအတွင်း နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၀ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းတို့ကို တင်ပို့နေခြင်းဖြစ်သည်။

ယင်းမှ နိုင်ငံပိုင်ကဏ္ဍကနေ သတ္တုတွင်းထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆၉ သန်း၊ သစ်တောထွက်ပစ္စည်း ၂ ဒသမ ၄၄သန်း၊ စက်မှုကုန်ချောပစ္စည်း အမေရိကန်ဒါ်လာ ၃ ဒသမ ၄၆ ဘီလီယံနှင့် အခြားကဏ္ဍတင်ပို့မှုမှအမေရိကန်ဒေါ်လာ ၁၁၇  ဒသမ ၈၄ သန်းတင်ပို့ထားခြင်းဖြစ်သည်။

ယခင်ကာလတူဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၅၂၆ ဒသမ ၄၁ သန်းကျော်ပိုမိုရရှိခဲ့ကြောင်း သိရသည်။ ယင်းအပြင် သွင်းကုန်တင်သွင်းမှုမှလည်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိထားကြောင်းလည်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here