ဦးရွှေစင်နှင့်ဒေါက်တာအောင်မြတ်ကျော်စိန်တို့အား တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ ၂ ခု၏ သယံဇာတရေးရာဝန်ကြီးများအဖြစ်ခန့်အပ်

0
211

နစက မှ မန္တလေးတိုင်းအစိုးရအဖွဲ့၏ သယံဇာတရေးရာဝန်ကြီးအဖြစ် ဦးရွှေစင်နှင့်မွန်ပြည်နယ်အစိုးရအဖွဲ့၏ သယံဇာတရေးရာဝန်ကြီးအဖြစ် ဒေါက်တာအောင်မြတ်ကျော်စိန်တို့အား ခန့်အပ်ခဲ့သည်ဟု ဖေဖော်ဝါရီ ၂၃ ရက်(ယနေ့)တွင် ထုတ်ပြန်ခဲ့သည်။

ဦးရွှေစင်နှင့်ဒေါက်တာအောင်မြတ်ကျော်စိန်တို့အား မန္တလေးတိုင်းနှင့်မွန်ပြည်နယ်တို့၏ သယံဇာ တရေးရာဝန်ကြီးများအဖြစ်ခန့်အပ်ခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ် ၂၅/၂၀၂၃ ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ခန့်အပ်ခြင်းအား နစက အတွင်းရေးမှူး ဒု- ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက လက်မှတ်ရေး ထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here