အမေရိကရဲ့ အလှဆုံး အိမ်မွေးတိရစ္ဆာန်ပြိုင်ပွဲမှာ နောက်ဆုံး ဆန်ကာတင်ဖြစ်လာတဲ့ တစ်ချိန်က မူးယစ်မှောင်ခိုဂိုဏ်းတွေရဲ့ အနှိပ်စက်ခံ ခွေးလေး လီမွန်ပိုင်း

0
280

တစ်ချိန်က မက္ကဆီကို မူးယစ်မှောင်ခိုဂိုဏ်းတွေရဲ့ ညှဉ်းပန်းနှိပ်စက်တာကို ခံခဲ့ရတဲ့အတွက် ခြေတုလက်တုတပ်ထားရတဲ့ မက္ကဆီကိုက ခွေးလေး လီမွန်ပိုင်းဟာ အခုအခါမှာတော့ အမေရိကရဲ့ အလှဆုံး အိမ်မွေးတိရစ္ဆာန်ပြိုင်ပွဲမှာ နောက်ဆုံး ဆန်ခါတင်အဆင့်အထိ တက်ရောက်သွားပြီလို့ သိရပါတယ်။

ပိုင်ဒယ်လီမွန် ခေါ် လီမွန်ပိုင်းကို တစ်နှစ်သားအရွယ်မှာ ရှေ့ခြေနှစ်ဖက် အပြတ်နဲ့ မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ဇာကာတေးကတ်စ်မြို့ မှာရှိတဲ့ အမှိုက်ပုံမှာ တွေ့ရှိခဲ့တာပါ။ 

အဲဒီနောက်ပိုင်း လီမွန်ပိုင်းကို မက္ကဆီမြို့ တောင်ဘက်မှာရှိတဲ့ မီလာဂိရို့စ် ကာနီနို့စ် လို့ခေါ်တဲ့ တိရစ္ဆာန် ထိန်းသိမ်းရှောက်ရေး ဂေဟာတစ်ခုက မွေးစားခဲ့ပြီး ၁၂ နှစ်အကြာမှာတော့ ဂေဟာရဲ့ အချစ်တော်ခွေးလေး ဖြစ်လာပါတယ်။

လီမွန်ပိုင်းလေးဟာ ဒီလိုမျိုး မူးယစ်မှောင်ခိုဂိုဏ်းတွေရဲ့ နှိပ်စက်တာကို ခံခဲ့ရပေမယ့် ဘယ်သူ့ကိုမှ အငြိုးမထားဘဲ ဆက်လက်ရှင်သန်နေခဲ့တာပါလို့ မီလာဂိရို့စ် ကာနီနို့စ်ဂေဟာကို တည်ထောင်သူ ပတ်ထရစ်ရှာ ရု့စ်က ပြောလာပါတယ်။

အခုအခါမှာတော့ လီမွန်ပိုင်းဟာ အမေရိကတိုက်မှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်တိုင်း ဝင်ပြိုင်နိုင်တဲ့ အမေရိကရဲ့ အလှဆုံး အိမ်မွေးတိရစ္ဆာန်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး နောက်ဆုံး ဆန်တာတင်အဆင့်ထဲ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဗိုလ်စွဲသွားတဲ့ ခွေးကို မတ်လမှာ ကြေညာမှာဖြစ်ပြီး အမေရိကန် ဒေါ်လာ ငါးထောင် ချီးမြှင့်မည့်အပြင် Dogster မဂ္ဂဇင်းမှာလည်း ခွေးမော်ဒယ်လုပ်နိုင်မယ့် အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။ 

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here