ပြည်တွင်း၊ပြည်ပမှတက္ကသိုလ် ၂၀၀ ခန့်လာရောက်ပြသမည့် IBE International Education Fair အား ရန်ကုန်မြို့၌ကျင်းပမည်

0
276

ရန်ကုန်မြို့ရှိ Novotel Hotel တွင် ပြည်တွင်း၊ပြည်ပမှတက္ကသိုလ် ၂၀၀ ခန့်လာရောက်ပူးပေါင်းပြသမည့် IBE International Education Fair ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

IBE International Education Fair အား မတ် ၄ ရက်နှင့် ၅ ရက်တို့တွင် မွန်းတည့် ၁၂ နာရီမှညနေ ၅ နာရီခွဲအထိ ၂ ရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

IBE International Education Fair တွင် Education Talk Show အစီအစဥ်များ၊ပညာရေးနှင့်ပတ်သက်၍ အခမဲ့ဆွေးနွေးနိုင်သည့် အစီအစဥ်များ၊ Scholarship လျှောက်ထားနည်း၊ University application, Visa application, UCAS Service ၀န်ဆောင်မှုများကိုလည်း အခမဲ့ဆွေးနွေးနိုင်ကြောင်း သိရသည်။

UK, USA, Canada, New Zealand, Europe, Singapore, Thailand, Malaysia, Australia နိုင်ငံတို့မှ လူငယ်များရွေးချယ်မှုများသည့် ကျောင်းများ၊ Ranking မြင့်သည့်ကျောင်းများလည်း ပါ၀င်ကြောင်း သိရသည်။

IBE International Education Fair နှင့်ပတ်သက် ၍ IBE မှ Founder Mr San Zaw Htet, MD Ma Phansy၊ Kings Yangon မှ Principal Mr Russel Douglas O’Neill ၊ AIC မှ Center Director Tr Myat Wut Yee ၊ MIEI မှ Founder Mr Nyi Nyi Ohn Myint ၊ CATS Global School မှ Associate Director SEA Mr Gledpet Sumonphandh တို့က သတင်းစာရှင်းလင်းပွဲကျင်းပ၍ ရှင်းလင်းပြောကြားခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here