ရုရှားတပ်များဆုတ်ခွာပေးရန် ကုလသမဂ္ဂ၌မဲခွဲတောင်းဆို

0
230

ကုလသမဂ္ဂ၊ဖေဖော်ဝါရီ ၂၄

ရုရှား – ယူကရိန်းစစ်ပွဲတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယူကရိန်းမှရုရှားတပ်များ ခြွင်းချက်မရှိချက်ချင်းရုပ်သိမ်းပေးရန် ကုလသမဂ္ဂ၌ ဖေဖော်ဝါရီ ၂၃ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့ပြီး တရားမျှတကာရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန် တစ်ခဲနက်ထောက်ခံအားပေးတောင်းဆိုခဲ့ကြသည်။

ယူကရိန်းအတွက် မဲခွဲဆုံးဖြတ်ရာ၌ ရုရှားတပ်များဆုတ်ပေးရန်ထောက်ခံမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ ၇ မဲနှင့် တရုတ်နှင့်အိန္ဒိယအပါအဝင် မဲမထည့်ပဲ ကြားနေသူ ၃၂ နိုင်ငံရှိခဲ့သည်။ “ယနေ့ကုလအထွေထွေညီလာခံရဲ့မဲတွေက ရှင်းရှင်းလင်းလင်းပြနေပါတယ်” ဟု ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘိုရယ်လ်ကပြောကြားခဲ့သည်။

ယူကရိန်းဘက်မှထောက်ခံရပ်တည်ပေးခဲ့ကြသည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း ယူကရိန်းသမ္မတ၏ဝန်ထမ်းအကြီးအကဲကပြောကြားခဲ့ပြီး ကမ္ဘာကြီးအနေဖြင့် အမှန်တရားနှင့်အတူရှိနေသည့်အတွက်လည်း ဝမ်းမြောက်မိကြောင်းပြောကြားခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်များသည် ယူကရိန်း၏အချုပ်အာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲရေးရေးကို ထောက်ခံကြောင်းပြသလျက် ရုရှားသိမ်းယူထားသည့်နယ်မြေများကိုညလည်း ရုရှားပိုင်အဖြစ် လက်မခံပဲပယ်ချကြောင်းထပ်မံအတည်ပြုပေးခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

သို့သော် ရုရှားအနေနှင့်ကုလ၌ ၎င်း၏ဗီတိုအာဏာကိုအသုံးပြုကာ ၎င်းအားကန့်ကွက်သည့်အခြေအ နေကို ပယ်ချလာနိုင်သေးသည်ဟုလည်းဆိုသည်။ တရုတ်နှင့်အိန္ဒိယတို့သည်လည်း မဲမထည့်ပဲကြားနေအဖြစ်နေနေခဲ့ကြသည့် ၃၂ နိုင်ငံထဲ၌ပါခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာကုလအထူးသံတမန်ကမူ ၎င်းတို့အနေဖြင့်ရုရှားနှင့်ယူကရိန်းတို့ကို အတူတူအဖြေရှာညှိနှိုင်းစေလိုကြောင်းပြောကြားခဲ့ပြီး တိုက်ခိုက်နေမှုများကို ရပ်တန့်ကာ ငြိမ်းချမ်းရေးဆွေးနွေးရန်လည်းတောင်းဆိုခဲ့ကြောင်းသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here