ဘားတွင် လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွား

0
177

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ကန်ကောက်ရပ်ကွက်ရှိ Sport Bar တွင် ဖေဖော်ဝါရီ ၂၃ ရက်ညပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ယမန်နေ့ည ၈ နာရီခွဲကျော်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက ချမ်းအေးသာစံမြို့နယ်၊ကန်ကောက်ရပ်ကွက်၊ ၃၀ လမ်းနှင့် ၅၄ လမ်းထောင့်ရှိ Sport Bar အားလက်လုပ်ဗုံး ၂ လုံးဖြင့်ပစ်ပေါက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ပေါက်ခဲ့ရာ လက်လုပ်ဗုံး ၁ လုံးသည် ဆိုင်ရှေ့မျက်နှာစာကွင်းပြင်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၁ လုံးမှာ ဆိုင်၏အုတ်တံတိုင်းဘေးသို့ကျရောက်ခဲ့သော်လည်း ပေါက်ကွဲမှုမရှိခဲ့ကြောင်း သိရသည်။

လက်လုပ်ဗုံးပေါက်ကွဲမှုတွင် ဆိုင်အဆောက်အဦးနှင့်လူများထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့​ပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here