မြန်မာ-တရုတ် နမ့်ဖာဟော်ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်

0
282

ရှမ်းပြည်နယ်၊ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နမ့်ဖာဟော်ချစ်ကြည်ရေးတံတားအား ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားသည်မှာ ၃ နှစ်ခန့်ကြာမြင့်ခဲ့ပြီးနောက် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် နမ့်ဖာဟော်ချစ်ကြည်ရေးတံတားမှတဆင့် ဖြတ်သန်းသွားလာမည့်သူများသည် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(တစ်ခါသုံး)အား မှတ်ပုံတင်မူရင်း၊ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးကြောင်းလက်မှတ်ပြသ၍ ပြုလုပ်နိုင်ကြောင်း သိရသည်။

ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(တစ်ခါသုံး)ပြုလုပ်ရာတွင် ငွေကျပ် ၃၀၀ ကျသင့်မည်ဖြစ်ကာ ချင်းရွှေဟော်မြို့ဒေသခံများသည် ၁ နှစ်စာနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ပြုလုပ်လိုပါက မှတ်ပုံတင်မူရင်း/မိတ္တူ၊ ကိုဗစ်(၁၉)ရောဂါကာ ကွယ်ဆေး ၂ ကြိမ်ထိုးပြီးကြောင်းလက်မှတ်၊သန်း ခေါင်စာရင်းမူရင်း/မိတ္တူတို့အားပြသ၍ ငွေကျပ် ၈၀၀ ဖြင့်ပြုလုပ်နိုင်ကြောင်း သိရသည်။

မြန်မာ-တရုတ် နမ့်ဖာဟော်ချစ်ကြည်ရေးတံတားမှတဆင့် လိုင်စင်ရှိသည့် ဆိုင်ကယ်၊သုံးဘီးဆိုင်ကယ်၊အိမ်စီးကား၊လိုက်ထရပ်၊ပစ်ကပ်၊မီနီဘတ်စ်ကားများ၊လုပ်ငန်းလိုင်စင်ရှိသော ယာဉ်များသည် တစ်နိုင်တစ်ပိုင်ကုန်စည်သယ်ယူခွင့်နှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များအားလုံးကို ဖြတ်သန်းသွားလာခွင့်ပြုကြောင်း သိရသည်။

မြန်မာ-တရုတ် နမ့်ဖာဟော်ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်ရာသို့ ဒေသကွပ်ကဲမှုစစ်ဌာန ချုပ်(လောက်ကိုင်)၏ ဗိုလ်မှုးချုပ်ဇော်မင်း၊ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဦးမိုးဇော်လတ်၊အဖွဲ့ဝင် ဦးခင်မောင်လွင်၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်ဦးပိုင်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံဘက်မှလည်း နယ်စပ်စီးပွားရေးဇုန် ဒု-အတွင်းရေးမှူး မစ္စတာရှိန်ရှုပ်ချန်၊ကိန်းမခရိုင်၊ပြည်ပဆက်ဆံရေးဌာနမှူး မစ္စတာကျန်တာနဲ၊ မိန်းတိန် နယ်စပ်ဂိတ် လူဝင်/ထွက်တာဝန်ခံ မစ္စတာလျှိုရှောက်ဝူတို့ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here