ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ၁၀ရက်ကျင်းပ​နေ

0
159

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ၂၆၁၁ နှစ် မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲအား ဖေဖော်ဝါရီ ၂၄ ရက်နံနက်ပိုင်းက စေတီတော်ရင်ပြင်တော်မြောက်ဘက်မုခ်ရှိ ချမ်းသာကြီးတန် ဆောင်း၌ကျင်းပခဲ့သည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအ ဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများကြွရောက်ကာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။

အခမ်းအနားတွင် နံနက် ၈ နာရီ၌ နှစ်ကျိပ်ရှစ်ဆူ‌ ဗုဒ္ဓရုပ်ပွားတော်များအား ရင်ပြင်တော်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန် ဆောင်းမှစတင်၍ ရင်ပြင်တော်တစ်ပတ်ခွဲလှည့်လည်ပူဇော်ကာ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည့် ရင်ပြင်တော်မြောက်ဘက်မုခ်ရှိ ချမ်းသာကြီးတန်ဆောင်းတွင်းသို့ ပင့်ဆောင်ပူဇော်ခဲ့ကြသည်။ 

နံနက် ၉ နာရီတွင် ဗုဒ္ဓပူဇနိယတ‌ပေါင်းပွဲတော်ဖွင့်ပွဲအားကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ၏ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ နာဂိတထံမှ ဧည့်ပရိသတ်များက သီလခံယူဆောက်တည်ကြပြီး​နောက်ဆီမီးထွန်း ညှိပူဇော််၍ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ကြသည်။

ရွှေတိဂုံစေတီတော်မြန်ကြီး၏ ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား ဖေဖော်ဝါရီ ၂၄ ရက်မှမတ် ၅ ရက်အထိ ၁၀ ရက်တိုင်ကျင်းပသွားမည်ဖြစ်ပြီး သံဃာတော် ၁၂၀ ပါးမှ ၂၁၆ နာရီတိုင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်မည် ဖြစ်သည်။

ထို့ပြင် မတ် ၄ ရက်ညနေ ၄ နာရီတွင်လည်း ရင် ပြင်တော်တစ်ပတ်ဆွမ်းဆန်တော်လောင်းလှူပွဲ၊ မတ် ၅ ရက်တွင် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ(အောင်ပွဲ)နှင့်ရေစက်ချအနုမောဒနာအခမ်းအ နားများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here