မြန်မာ-တရုတ်(ချုံချင့်)နှစ်နိုင်ငံ အနာဂတ်၌ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်သွားမည်

0
147

မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ်ဧည့်ခံပွဲအား မြန်မာကောင် စစ်ဝန်ချုပ်ရုံး၊ချုံချင့်မြို့မှ ဦးစီး၍ တရုတ်နိုင်ငံ၊ချုံချင့်မြူနီစီပယ်မြို့ရှိ The Lixury Hotel ၌ ဖေဖော်ဝါရီ ၂၃ ရက်ည ၆ နာရီက ကျင်းပခဲ့ရာချုံချင့်မြူနီစီပယ်မြို့ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ Mr. Zhao Shiqing က အဓိကဧည့်သည်တော်အဖြစ်တက်ရောက်ပြီး မိန့် ခွန်းပြောကြားခဲ့သည်။

အခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ်ဦးဇော်လင်းဦးမှမြန်မာနိုင်ငံအ​ခြေအ​နေ၊မြန်မာ-တ ရုတ်(ချုံချင့်)နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံ မှုနှင့်ခရီးသွားကဏ္ဍများတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ 

ချုံချင့်နိုင်ငံခြားရေးရာဌာန၊အာရှရေးရာဌာနမဒု-ညွှန်ကြားရေးမှူးချုပ်၊ ယွီကျုံးခရိုင်အုပ်ချုပ်ရေးမှူး၊ပါတီအတွင်းရေးမှူး၊ယွီကျုံးခရိုင် နိုင်ငံခြား ရေးရာဌာနမှတာဝန်ရှိသူများ၊ချန်သူးမြို့ နိုင်ငံ ခြားရေးရာဌာနမှတာဝန်ရှိသူများ၊ ချုံချင့်မြူနီစီ ပယ်မြို့ ကုန်သွယ်ရေးကော်မတီ၊ခရီးသွားလာရေးကော်မတီနှင့်ပညာရေးကော်မတီတို့မှ တာဝန် ရှိသူများ၊ချုံချင့်မြို့နှင့်ချန်သူးမြို့တို့မှ ကောင် စစ်ဝန်ချုပ်များ၊ကောင်စစ်ဝန်ချုပ်ရုံး ယာယီတာ ဝန်ခံများ၊ ဒု-ကောင်စစ်ဝန်ချုပ်များနှင့် ၎င်းတို့၏ ဇနီးများ၊ချုံချင့်မြို့ရှိ မြန်မာပညာတော်သင်များ၊တက္ကသိုလ်များမှ ပါမောက္ခများ၊ကုန်သွယ်ရေးနှင့်စီးပွားရေးကုမ္ပဏီများမှတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here