ဓာတ်တိုင်ဟောင်းများဖြုတ်သိမ်းခြင်းနှင့် 11kV ဓာတ်အားလိုင်းပြောင်းရွှေ့ခြင်းများပြုလုပ်မည်ဖြစ်၍ မြို့နယ် ၃ ခု၌ မနက်ဖြန် ယာယီမီးပြတ်မည်

0
300

ရန်ကုန်လျှပ်စစ်ဓာတ်အား‌ပေးရေးကော်ပိုရေးရှင်း(YESC)မှ ဖေဖော်ဝါရီ ၂၆ ရက်(မနက်ဖြန်) တွင် ဓာတ်တိုင်ဟောင်းများဖြုတ်သိမ်းခြင်းနှင့် 11kV ဓာတ်အားလိုင်းပြောင်းရွှေ့ခြင်းများပြုလုပ်သွားမည်ဖြစ်သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ကျန်စစ်သားလမ်းနှင့်မင်းရဲကျော်စွာလမ်းဆုံတွင် ရန်ကုန်မြို့တော်စည်ပင်မှ လမ်းတိုးချဲ့လျက်ရှိရာ မလွတ်ကင်းသည့် 66kV ဒဂုံအရှေ့-ကုန်ပဒေသာ (၁+၂)ဖီဒါ၏ ဓာတ်အားလိုင်းတိုင် ၃ တိုင်ကို ရွှေ့ပြောင်းပြီးဖြစ်သည်။

ထို့ကြောင့် တိုင်ဟောင်းများဖြုတ်သိမ်းခြင်းနှင့် 11kV ဓာတ်အားလိုင်းပြောင်းရွှေ့ခြင်းတို့ကို YESC မှ ဖေဖော်ဝါရီ ၂၆ ရက်နံနက် ၁၁ နာရီမှနေ့လည် ၃ နာရီအထိ ပြုလုပ်သွားမည်ဟု အသိပေးခဲ့သည်။

ထိုသို့ ပြုလုပ်ချိန်၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့်ရွှေပေါက္ကံမြို့နယ်တို့၏ နေရာအချို့တွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်နေမည်ဟု YESC ကအသိပေးခဲ့သည်။

နေရာအချို့၌ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်ဖြစ်သော်လည်း အရေးကြီးနေရာများ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် ဆောင်ရွက်သွားမည်ဟုလည်း အသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here