တောင်ကြီးမြို့တွင် ဓာတ်အားလိုင်း ပြုပြင်နေသည့် လုပ်သားတစ်ဦး ဓါတ်လိုက်ပြီး ဓါတ်တိုင်နှင့်ဓါတ်ကြိုးများကြား ညပ်နေခဲ့

0
398

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယ‌နေ့နံနက် ၉နာရီ ၂၀မိနစ်ခန့်က ဓာတ်အားလိုင်း ပြုပြင်နေသည့် လုပ်သားတစ်ဦး ဓါတ်လိုက်မှုဖြစ်ပွားခဲ့ပြီး ဓါတ်တိုင်နှင့်ဓါတ်ကြိုးများကြား ညပ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ(၇)၊ ပြည်တော်အေးလမ်းတွင် ယနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်က ဓါတ်အားပြုပြင်ရေးအဖွဲ့မှ ကျား(၁)ဦးသည် ဓါတ်တိုင်ပေါ်သို့ တက်ရောက်၍ လျှပ်စစ်ဓါတ်အားလိုင်း ပြုပြင်ဆောင်ရွက်နေစဉ် ဓါတ်လိုက်ပြီး ဓါတ်တိုင်နှင့်ဓါတ်ကြိုးများကြား ညပ်နေသည့်အတွက် တောင်ကြီးခရိုင်/မြို့နယ်မီးသတ်စခန်းမှ Snorkle အထောက်အကူပြုယာဉ်(၁)စီး၊ Hydraulic Platform အထောက်အကူပြုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရသည်။

” မြို့နယ်လျှပ်စစ်အဖွဲ့က ကောင်လေးပါ၊ အခုတော့ စိုးရိမ်စရာမရှိတော့ပါဘူး၊ ဆေးကုသမှုခံယူနေပါတယ်” ဟု တောင်ကြီးမြို့ကြက်ခြေနီအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါ ဓာတ်လိုက်မှုဖြစ်စဉ်ကြောင့် လျှပ်စစ်လုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့သည့်အတွက် တောင်ကြီးမြို့၊ ကြက်ခြေနီအသင်းမှ လူနာတင်ယာဉ်ဖြင့် စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here